Local News

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း၏ ဘူမိဗေဒနှင့် မြေမျက်နှာသွင်ပြင်ဆိုင်ရာ ပဏာမဆန်းစစ်ချက်နှင့် ပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ အကဲဖြတ်မှု Preliminary Geographical and Topographical Survey (PGTS) & the Environmental Impact Assessment (EIA) လုပ်ငန်းအစီရင်ခံစာ ရှင်းလင်းဆွေးနွေးခြင်း

Last Updated:

၂၀၂၄ ခုနှစ်၊ ဧပြီ ၅ 

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းဆိုင်ရာ ဘူမိဗေဒနှင့် မြေမျက်နှာသွင်ပြင်ဆိုင်ရာ ပဏာမ ဆန်းစစ်ချက်နှင့် ပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ အကဲဖြတ်မှု  Preliminary Geographical and Topographical  Survey (PGTS) &  Environmental Impact Assessment (EIA) များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည့် အစီအစဉ်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟို လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်၍  အဖွင့်အမှာစကား ပြောကြားသည်။

ဗဟိုလုပ်ငန်းအဖွဲ့၊ ဥက္ကဋ္ဌက ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည် ဖော်ရေးအတွက် ဘူမိဗေဒနှင့် မြေမျက်နှာသွင်ပြင်ဆိုင်ရာ ပဏာမဆန်းစစ်ချက်လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ အဆိုပါ လုပ်ငန်းများနှင့်ပတ် သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများက လိုအပ်သည်များ ဆန်းစစ်အကြံပြုရေးနှင့်ပတ်သက်၍ လည်းကောင်း၊ အထူးစီးပွားရေးဇုန် ဆက်လက်အကောင်အထည်ဖော်ရာတွင် ဘူမိဗေဒနှင့် မြေ မျက်နှာသွင်ပြင်ဆိုင်ရာ ပဏာမဆန်းစစ်ချက်များအပေါ် အခြေခံ၍ စီမံကိန်းဒီဇိုင်းရေးဆွဲခြင်း အပါအဝင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ဆွေးနွေးမှာကြားပါသည်။

ထို့နောက် ဆန်းစစ်ချက်များ ဆောင်ရွက်ခဲ့သည့် CCCC - FHDI Engineering Company နှင့် Myanmar Survey Research (MSR) ကုမဏီတို့က လုပ်ငန်းဆောင်ရွက်မှု အခြေနေများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်သူများက အပြန်အလှန် ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

အစည်းအဝေးသို့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌ ဦးကျော်ရွှေထွန်းနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန် ရှိသူများနှင့် CITIC ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အစည်းအဝေးကို  မွန်းတည့် ၁၂ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

Category: Local News