Local News

ပဲထောပတ်စျေးကျဆင်းလာ

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သည့် ဂန့်ဂေါ၊ ဆော၊ ယော စသည့် ဒေသများမှ ပဲထောပတ်ကို ကျွန်းစိုက်နှင့် ယောစိုက် ဟူ၍ နှစ်မျိုးစိုက်ပျိုးကြသည်။ ယောဒေသထွက်ပဲထောပတ်သီးနှံသည် ကျွန်းစိုက်ပဲထောပတ်သီးနှံထက် စျေးပိုရသည်ကို တွေ့ရ သည်။ ပဲထောပတ်သီးနှံသည် ဇန်နဝါရီလမှ စတင် ပေါ်ထွက် ခဲ့ရာ ကုန်စည်ဒိုင်သို့တစ်ရက်လျှင် အိတ်ရေ ၄၀၀၀မှ ၅၀၀၀ကြားဝင်ရောက်ကာ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ပဲထောပတ် များကို မန္တလေးသို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။  

ပဲထောပတ်ပေါ်စတွင် ပဲထောပတ်တစ်တင်းလျှင် ကျပ်(၁၂၅၀၀၀)စျေးအထိရရှိခဲ့ပြီး နောက်ပိုင်းတွင် တဖြေးဖြေးစျေးကျဆင်းလာကာ မတ်လကုန်ရက်တွင် ပဲထောပတ်တစ်တင်း  ကျပ် (၁၀၀၀၀၀) အထိ အနည်းငယ် စျေးပြန်တက်လာသော်လည်း ယခုဧပြီလဆန်းပိုင်းတွင် ပဲထောပတ်တစ်တင်း (၈၈၀၀၀)ကျပ် စျေးသာ ရရှိတော့သည့်အတွက် စျေးကျဆင်းလာသည်ကို ကုန်စည်ဒိုင်စျေးနှုန်းများအရ သိရှိရပါသည်။

source:  မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News