Local News

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်၌ အုန်းသီးများ စတင်ထွက်ပေါ်၍ ဈေးကောင်းရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ အုန်းပင်းများကို ဧက ၁၀၁၀ ခန့် စိုက်ပျိုးထားရှိပြီး ယခုအချိန်တွင် ဧက ၇၀၀ ခန့်မှ အုန်းသီးများ စတင်ထွက်ရှိကြောင်း သိရသည်။ အုန်းပျိုးပင်တစ်ပင်လျှင် ငွေကျပ် ၃၅၀၀ ဖြင့် ဝယ်ယူ၍ တစ်ဧကလျှင် အုန်းပင် ၂၀၀ ခန့် စိုက်ပျိုးရပြီး စတင်စိုက်ပျိုးချိန်တွင် သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၁၀ သိန်း ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး သုံးနှစ်သားအရွယ်တွင် အုန်းသီးများစတင်ခူးဆွတ်နိုင်ကြောင်း၊ တစ်လလျှင် တစ်ကြိမ် ခူးဆွတ်နိုင်ပြီး အုန်းသီးအလုံးရေ ၇၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးနှုန်းမှာ အုန်းသီးတစ်လုံးလျှင် လက်ကားဈေး ငွေကျပ် ၂၀၀၀ ၊ လက်လီဈေး ငွေကျပ် ၂၅၀၀ ဖြင့် ရောင်းချရသည့်အတွက် တစ်လလျှင် ငွေကျပ် လေးသိန်းခန့် အမြတ်ရရှိကြောင်း၊ ဓနုဖြူမြို့နယ်အတွင်း အုန်းခြစ်လုပ်ငန်း၊ အုန်းညှစ်လုပ်ငန်းများသို့ ရောင်းချသည့် အပြင် ရန်ကုန်မြို့သို့တင်ပို့ရောင်းချကြောင်း၊ ဓနုဖြူမြို့နယ်ထွက် အုန်းသီးများမှာ ဈေးနှုန်းကောင်းမွန်ခြင်း ဝယ်ယူမှုများပြားခြင်းကြောင့် အုန်းပင်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

Source: ကြေးမုံသတင်းစာ

Category: Local News