
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ပဲစဉ်းငုံ(မိုးဦး)ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၉၄၀)ဧက စိုက်ပျိုးထားရှိပြီး (၃၀၀)ဧက ရိတ်သိမ်း ပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည် ။ ပဲစဉ်းငုံကို သီးသန့်စိုက်ပျိုးမှု များရှိသလို သီးထပ်သီးညှပ်အဖြစ်လည်း စိုက်ပျိူးကြကြောင်း ၊ အများဆုံး စိုက်ပျိုးသော မျိုးများမှာ ကြေးနီရောင်တဘက်လှဲမျိုး၊ ရွှေဝါရောင်လုံးသေးဒင်္ဂါးမျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း၊ မေလနှင့်ဇွန်လများတွင်စတင်စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် ပဲစဉ်ငုံများ ရိတ်သိမ်းနေပြီဖြစ်ကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၃၀၀၀၀၀/-)ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်း ၊ ယခုနှစ် အထွက်နှုန်းအနေဖြင့် (၁၁-၁၂)တင်းခန့် ထွက်ရှိကြောင်း ၊ စျေးနှုန်းအနေဖြင့် ဇန်နဝါရီလ နောက်ဆုံးပတ်တွင် တစ်တင်းလျှင် (၉၂၀၀၀/-)ကျပ် စျေးနှုန်းရှိခဲ့ပြီး ယခုအချိန်တွင် တစ်တင်းလျှင် (၉၉၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါကဈေးနှုန်းများမြင့်တက်လာကြောင်း ၊ အကျိုးအမြတ်အနေဖြင့် (၇၈၀၀၀၀/-) ကျပ်ခန့်မြတ်ခဲ့ကြောင်း၊ယခုအချိန်တွင်ကျောက်ဆည်မြို့နယ်ရှိဖျောက်ဆိပ်ပင်ကျေးရွာ၊ ဘော်တောင် ကျေးရွာ နှင့် ရဲဘော်ကြီးကျေးရွာများတွင် အများဆုံး ရိတ်သိမ်းနေပြီဖြစ်ကြောင်း ၊ ပဲစဉ်းငုံစိုက် တောင်သူများမှ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချလျက်ရှိပြီး ပွဲရုံများမှ တစ်ဆင့် ရန်ကုန် ၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်း ပွဲရုံများမှသိရှိရပါသည်။