Local News

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ဓနိချပ်ရေ ၇၅၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ဓနိချပ်ရေ ၇၅၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ်မှ ဓနိရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဇာခြည်က ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်းက ဓနိချပ်ရေ ၄၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်ထိ တစ်လအတွင်း ဓနိချပ်ရေ ၇၅၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ ဖျာပုံမြို့နယ်သည် ဓနိထွက်သောဒေသဖြစ်ပြီး ထွက်ရှိလာသည့် ဓနိများကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေကြောင်း သိရသည်။ “ဖျာပုံမြို့နယ်က တောင်သူတွေက စပါးအပြင် ဓနိနဲ့ အခြားသီးနှံတွေကို စိုက်ပျိုးထုတ်လုပ်ပါတယ်။ ဓနိစိုက်ပျိုးရေးလုပ်ငန်းကတော့ ဒေသခံတွေအတွက် စီးပွားရေးလုပ်ငန်း တစ်ခုထဲမှာ အပါအဝင် ဖြစ်ပါတယ်။ အောက်တိုဘာလထဲမှာ ရန်ကုန်ဈေးကွက်က ဓနိဝယ်ယူမှုကောင်းခဲ့ပါတယ်။ အခုလို ဝယ်ယူမှု ကောင်းခဲ့တဲ့အတွက် ဒေသခံဓနိစိုက်ပျိုးသူတွေ၊ ဓနိထိုးလုပ်သားတွေ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုကောင်းမွန်နေတာကို တွေ့ရပါတယ်” ဟု ဖျာပုံမြို့နယ် ဓနိရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဇာခြည်က ပြောပြသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း တင်ပို့ရောင်းချခဲ့သည့် ဓနိချပ်ရေ ၁၀၀ လျှင် ငွေကျပ် ၁၈၅၀၀ ထိ ဈေးပေါက်နေကြောင်း သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News