၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်းပေါက်ဈေးများမှာ မုဒုံမြို့နယ် ရော်ဘာ R.S.S-3 (မှိုင်းခံပြား) တစ်ပေါင် ကျပ် ၃၀၄၀၊ နေလှမ်း (လွတ်)တစ်ပေါင် ကျပ် ၂၉၉၀ ၊ ၂၀ ပိဿာဝင် ပဲတစ်တင်း ဈေးနှုန်းများမှာ ပဲတီစိမ်း ကျပ် ၉၀၀၀၀၊ မတ်ပဲ ကျပ် ၁၁၃၀၀၀၊ ပဲလွန်းဖြူ ကျပ် ၁၀၀၅၀၀၊ ဘိုကိတ် ကျပ် ၁၁၀၀၀၀၊ ပဲပုပ် ကျပ် ၁၅၀၀၀၀၊ မြေပဲ ၁၇၀၀၀၀ ကျပ်၊ ရေထွက်ကုန် တစ်ပိဿာ ဈေးနှုန်းမှာ ငါးဒန် ကျပ် ၄၃၀၀၊ ငါးခုံးမ ကျပ် ၄၅၀၀၊ ငါးကြင်း ကျပ် ၉၀၀၀၊ တီလားဗီးယား ကျပ် ၁၁၅၀၀၊ ပလာတူး ကျပ် ၄၀၀၀၊ ပလာ လန်း ကျပ် ၅၅၀၀၊ ငါးကွန်းရှပ် ကျပ် ၁၂၅၀၀၊ ငါးရွေးကြီး ကျပ် ၁၂၀၀၀၊ ငါးပျက် ကျပ် ၉၀၀၀၊ ရွှေငါး ကျပ် ၅၀၀၀၊ ငါးနှပ် ကျပ် ၄၀၀၀၊ ရေချိုပုစွန်ထုပ်(စိမ်း)အကြီး ကျပ် ၇၈၀၀၀ ၊ ရေချိုပုစွန် ထုပ် (စိမ်း) အလတ် ကျပ် ၅၃၀၀၀၊ ရေချိုပုစွန်ထုပ်(စိမ်း)အငယ် ကျပ် ၄၃၀၀၀ အသီးသီး ဖြစ်ပေါ် နေပါသည်။ ယခင် နိုဝင်ဘာလနောက်ဆုံးပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက R.S.S-3 (မှိုင်းခံပြား) တစ်ပေါင် ၉၀ ကျပ်၊ နေလှမ်းပြားတစ်ပေါင် ၉၀ ကျပ် ဈေးနှုန်းတက်လာကြောင်း၊ ပဲမျိုးစုံတွင် ပဲတီစိမ်း တစ်တင်း ၁၃၀၀၀ ကျပ် ဈေးတက်နေသော်လည်း မတ်ပဲတစ်တင်း ကျပ် ၃၀၀၀၊ ပဲပုပ် တစ်တင်း ကျပ် ၁၀၀၀၀ ဈေးကျနေကြောင်းနှင့် ရေထွက်ကုန်ဈေးနှုန်းအများစုမှာ အကျဘက်ဦးတည်နေ ကြောင်း သိရှိရပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး