Local News

နှမ်းမျိုးစုံအသစ်များ ဝင်ရောက်လျက်အရောင်းအဝယ်သွက်နေ

Last Updated:

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလပထမပတ်တွင် မန္တလေးကုန်စည်ဒိုင်သို့ ကျောက်ဆည်၊ မြစ်သား၊ သဲတော၊ ဝမ်းတွင်းမှ နှမ်းမျိုးစုံအသစ်များ ဝင်ရောက်နေပြီး ပြည်ပဝယ်လက်များ ရှိနေသော ကြောင့် အရောင်းအဝယ်သွက်နေကြောင်းသိရသည်။ နှမ်းဖြူ(ရိုးရိုး) ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၇၅၀၀၀ မှ ၃၈၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၇၅၀၀၀ မှ ၃၈၀၀၀၀၊ ယခင်လ ကျပ် ၃၆၅၀၀၀ မှ ၃၈၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀၊ ယခင်လထက် ကျပ် ၁၀၀၀၀ မြင့်တက်လာသည်။ နှမ်းဖြူ(ဂျပန်) ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၄၁၅၀၀၀ မှ ၄၂၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၄၂၀၀၀၀ မှ ၄၂၅၀၀၀၊ ယခင်လ ကျပ် ၄၂၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်၊ ယခင်လအတိုင်းဈေးငြိမ်နေပါသည်။ နှမ်းညို ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၁၅၀၀၀ မှ ၃၂၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၁၀၀၀၀မှ ၃၁၅၀၀၀၊ ယခင်လ ကျပ် ၃၀၈၀၀၀မှ ၃၁၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀၊ ယခင်လထက် ကျပ် ၇၀၀၀မှ ၁၀၀၀၀ မြင့်တက်လာသည်။ နှမ်းနီ ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၄၀၀၀၀မှ ၃၄၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၄၀၀၀၀မှ ၃၄၅၀၀၀၊ ယခင်လ ကျပ် ၃၃၀၀၀၀မှ ၃၃၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက် ကျပ်  ၁၀၀၀၀ မြင့်တက်လာသည်။ နှမ်းနက်(စမုံ) ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၆၁၀၀၀၀ မှ ၆၇၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၆၁၀၀၀၀မှ ၆၇၅၀၀၀၊ ယခင်လ ကျပ် ၅၈၀၀၀၀မှ ၆၃၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀နိမ့်ကျလာပြီး၊ ယခင်လထက် ကျပ် ၃၀၀၀၀ မှ ၃၅၀၀၀ မြင့်တက်လာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News