အောင်လံကုန်စည်ဒိုင်တွင် မြေပဲပေါ်ချိန်ဖြစ်သည့်အတွက် အရောင်းအဝယ် သွက်နေ ကြောင်းသိရှိရသည်။ မကွေးတိုင်းအတွင်းရှိ မြေပဲစိုက်ပျိုးထွက်ရှိရာဒေသများမှ လာရောက်၍ ရောင်းချကြပြီး ယခုနှစ်တွင် ကုန်စည်ဒိုင်များမှ မြေပဲကိုအတောင့်လိုက်ဝယ်ယူလာပြီး အတောင့် အနေဖြင့် သိုလှောင်ထားပါက မှိုတက်ခြင်းနည်းသည့်အတွက် မြေပဲဆန်သိုလှောင်ခြင်းထက် ပို၍ အဆင်ပြေကြောင်း သိရှိရသည်။ အချို့မြေပဲပင်များမှာ မြေပဲအဆန်တည်ချိန် မိုးပြတ်သွားကာ မြေပဲအထွက် နည်းသွားခြင်း၊ ဆီစက်လုပ်ငန်းရှင်များမှ ဝယ်လိုအားကောင်းခြင်းတို့ကြောင့် စျေး အနည်းငယ် မြင့်တက်လာကာ မြေပဲလှိုင်လှိုင်ပေါ်ချိန်တွင် တစ်ရက်လျှင် အိတ်(၁၀၀၀)အထိ ဝင် ရောက်လာပြီး ယခုရက်ပိုင်းတွင် တစ်ရက်လျှင် အိတ်(၁၀၀)မှ(၁၅၀)ကြား ဝင်ရောက်၍ အရောင်း အဝယ်ဖြစ်လျက် ရှိကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရသည်။ မြေပဲစျေးနှုန်းများမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ကျပ်(၇၅၀၀)မှ (၈၇၀၀)၊ မြေပဲလုံးဆန် ဖြူ တစ်ပိဿာကျပ်(၇၇၀၀)မှ(၈၆၀၀) စျေးဖြင့်စျေးအနည်းငယ်မြင့်တက်လာကြောင်း ကုန်စည်ဒိုင် သတင်းများအရ သိရှိရသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး