Local News

တောင်တွင်းကြီးမြို့နယ်တွင် ငရုတ်သီးနှံဈေးကောင်းရ၍ တောင်သူများ အကျိုးအမြတ်ရ

Last Updated:

မကွေးတိုင်းဒေသကြီး မကွေးခရိုင် တောင်တွင်းကြီးမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ညောင်ဝန်းကျေးရွာတွင် စားဖိုဆောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးနှံဧက ၂၀ ခန့်စိုက်ပျိုးထားရှိကြောင်းသိရသည်။ ငရုတ်သီးနှံစိုက်ပျိုး ရာတွင် မျိုးအနေဖြင့် သာမို ၉၀၀ နှင့် သာမို ၉၉၉ မျိုးများကို စိုက်ပျိုးရေးဆေးဆိုင်များမှ ဝယ်ယူစိုက်ပျိုးကြကြောင်း ၊ စိုက်ပျိုးရာတွင် မျိုးစေ့များကို ပျိုးအိတ်ဖြင့် ပျိုးထောင်ကာ ပျိုးပင် ၂၅-၃၀ ရက်သားအရွယ်တွင် မြေသို့ချ၍ မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ ဩဂုတ်လတွင် မြေချစိုက်ပျိုးကြပြီး အောက်တိုဘာလတွင် ခူးဆွတ်ရကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျင်ငွေကျပ် ၁၈၀၀၀၀၀ ခန့် ကုန်ကျပြီး တစ်ဧကလျှင် ပိဿာ ၇၀၀-၈၀၀ ခန့် ထွက်ရှိ၍ တောင်သူအကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁၇၀၀၀၀၀ ခန့်ရရှိကြောင်း သိရသည်။ နိုဝင်ဘာလ ပထမပတ်တွင် ငရုတ်သီးစိမ်းတစ်ပိဿာလျှင် လက်ကားဈေး ၅၀၀၀-၅၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် တောင်တွင်းကြီးမြို့သို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် မကွေးမြို့သို့လည်း တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင် ငရုတ်သီးအထွက်နှုန်း လျော့နည်းသော်လည်း ငရုတ်သီး ထွက်ပေါ်ခူးဆွတ်ချိန်တွင် ဈေးကောင်းရရှိသောကြောင့် ငရုတ်သီးစိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိ ကြောင်း သိရှိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News