Local News

တောင်သာဘက်ကထွက်ရှိသည့် ကြက်သွန်နီများ မန္တလေးဈေးကွက်အတွင်း အရောင်းအဝယ် ကောင်းမွန်လျက်ရှိ

Last Updated:

တောင်သာဘက်ကထွက်ရှိသည့် ကြက်သွန်နီများ မန္တလေးဈေးကွက်အတွင်း အရောင်းအဝယ် ကောင်းမွန်လျက်ရှိကြောင်း အောင် ကြက်သွန်နှင့် အာလူးပွဲရုံပိုင်ရှင် ဒေါ်မေသဲဆွေက ပြောပြ၍သိ ရသည်။လက်ရှိတွင် တောင်သာဘက်ကထွက်ရှိသည့် ကြက်သွန်နီများကို မန္တလေးဈေးကွက်အတွင်း ကုန်သည်များဝယ်ယူမှုများလာပြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း၊ ပြည်ပနိုင်ငံ ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံဘက်ကလည်း ကြက်သွန်နီဝယ်ယူမှုများပြားလျက်ရှိ ကြောင်း သိရသည်။ “အခုလက်ရှိ ဆိပ်ဖြူနဲ့မြင်းခြံဘက်ကထွက်တဲ့ ကြက်သွန်နီတွေ မန္တလေး ဈေးကွက်ထဲ အရောင်းအဝယ်ကောင်းသလို တောင်သာဘက်ကထွက်ရှိတဲ့ ကြက်သွန်နီတွေလဲ အရောင်းအဝယ်အတော်ကောင်းမွန်နေပါတယ်” ဟု ဒေါ်မေသဲဆွေက ပြောြပသည်။ မန္တလေးဈေး ကွက်အတွင်း ယနေ့ပေါက်ဈေးအရ တောင်သာဘက်ကထွက်ရှိသည့် ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၄၅၀၀ ခန့်ထိပေါက်ဈေးရှိပြီး အရောင်းအဝယ် ကောင်းမွန်နေကြောင်း သိရသည်။ “အခု လတ်တလောကတော့ တောင်သာဘက်က ထွက်ရှိတဲ့ ကြက်သွန်နီတွေ မန္တလေးဈေးကွက်ထဲမှာ အရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်ပနိုင်ငံတွေက ကြက်သွန်နီအဝယ်များရင်တော့ မန္တလေးဈေး ကွက်ထဲ အရောင်းအဝယ်က  ဒီထက်ပိုပြီး ကောင်းမွန်လာဖို့ရှိပါတယ်” ဟု အောင် ကြက်သွန်နီနှင့် အာလူးပွဲရုံပိုင်ရှင် ဒေါ်မေသဲဆွေက ပြောြပ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News