မကွေးတိုင်းဒေသကြီးအတွင်း ကြက်သွန်နီကို ပခုက္ကူနှင့် ဆိပ်ဖြူဒေသများတွင် အများ အပြားစိုက်ပျိုးကြသည့်အတွက် ဆိပ်ဖြူမြို့နယ်တွင် ကြက်သွန်နီ သီးသန့် ရောင်းဝယ်ဖောက်ကား သည့်ကုန်စည်ဒိုင် ရှိပါသည်။ ယခုရက်ပိုင်းတွင် ကြက်သွန်နီအဟောင်းများ လက်ကျန်နည်းချိန် ကြက်သွန်နီအသစ်များ မပေါ်သေးမီကာလဖြစ်ပြီး ကထိန်အလှူနှင့် မင်္ဂလာဆောင်ကာလများ ဖြစ်သည့်အတွက် စျေးကွက်ထဲတွင် အရောင်းအဝယ်သွက်နေကာ ကြက်သွန်နီစျေးများ မြင့်တက် လာကြောင်း သိရှိရသည်။ ကြက်သွန်နီစျေးများမှာ ယခင်နှစ်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၉၀၀/ ၃၀၀၀) စျေးများရရှိခဲ့ပြီး ယခုနှစ်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၃၉၀၀/၄၀၀၀)အထိ စျေးရရှိနေသည့်အတွက် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၁၀၀၀) မြင့်တက်လာ၍ ကြက်သွန်စိုက်တောင်သူများ ယခင်နှစ်ထက် စျေးပိုမိုရရှိသည့် နှစ် တစ်နှစ် ဖြစ်ပါ သည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး