မကွေးကုန်စည်ဒိုင်တွင် စားတော်ပဲသီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အောက်တိုဘာလတွင် စားတော်ပဲစျေးများမြင့်တက်နေပြီး ယခုနိုဝင်ဘာလတွင် စျေးအနည်းငယ် ကျလျက်ရှိပါသည်။ စားတော်ပဲသည် ပြည်တွင်းစားသုံးမှုများသည့် ပဲအမျိုးအစား ဖြစ်ပြီး အရောင်းအဝယ်သွက်သည့် ပဲအမျိုးအစားလည်း ဖြစ်ပါသည်။ စားတော်ပဲစျေးနှုန်းများအနေဖြင့် ယခင်အောက်တိုဘာလတွင် စားတော်ပဲ ၂၀ပိဿာ တစ်တင်းလျှင် ကျပ်(၁၄၈၀၀၀)၊ ယခုနိုဝင်ဘာလဆန်းတွင် စားတော်ပဲ ၂၀ပိဿာတစ်တင်းလျှင် ကျပ်(၁၄၅၀၀၀)စျေးဖြစ်သည့်အတွက် ယခင်လနှင့်နှိုင်းယှဉ်ပါက စားတော်ပဲ ၂၀ပိဿာတစ်တင်း လျှင် ကျပ်(၃၀၀၀)စျေး ကျလာသည့်အတွက် စားသုံးသူပြည်သူများ စျေးသက်သာစွာ ဝယ်ယူ စားသုံးနိုင်မည်ဖြစ်ပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး