Local News

မော်လမြိုင်ကုန်စည်ဒိုင်၏ ရော်ဘာ၊ ပဲမျိုးစုံ၊ သားငါး ဈေးနှုန်းပေါက်ဈေး

Last Updated:

၂၀၂၄ နိုဝင်ဘာလ၊ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်း ပေါက်ဈေးများမှာ မုဒုံမြို့နယ် ရော်ဘာ R.S.S-3 (မှိုင်းခံပြား) တစ်ပေါင် ကျပ် ၃၀၅၀၊ နေလှမ်း (လွတ်) တစ်ပေါင် ကျပ် ၃၀၅၀ ၊ ၂၀ ပိဿာဝင် ပဲတစ်တင်း ဈေးနှုန်းများမှာ ပဲတီစိမ်း ကျပ် ၇၇၀၀၀၊ မတ်ပဲ ကျပ် ၁၂၀၅၀၀၊ ပဲလွန်းဖြူ ကျပ် ၁၀၀၅၀၀၊ ဘိုကိတ် ကျပ် ၁၁၀၀၀၀၊ ပဲပုတ် ကျပ် ၁၆၀၀၀၀၊ မြေပဲ ၁၆၄၀၀၀ ကျပ်၊ ရေထွက်ကုန် တစ်ပိဿာ ဈေးနှုန်းမှာ ငါးဒန် ကျပ် ၆၀၀၀၊ ငါးခုံးမ ကျပ် ၅၃၀၀၊ ငါးကြင်း ကျပ် ၈၈၀၀၊ တီလားဗီးယား ကျပ် ၁၀၅၀၀၊ ပလာတူး ကျပ် ၄၃၀၀၊ ပလာလန်း ကျပ် ၅၅၀၀၊ ငါးကွန်းရှပ် ကျပ် ၁၃၃၀၀၊ ငါးရွေးကြီး ကျပ် ၁၂၀၀၀၊ ငါးပျက် ကျပ် ၉၀၀၀၊ ရွှေငါး ကျပ် ၅၂၀၀၊ ငါးနှပ် ကျပ် ၃၅၀၀၊ ရေချိုပုဇွန်ထုပ်(စိမ်း)အကြီး ကျပ် ၇၈၀၀၀ ၊ ရေချိုပုဇွန်ထုပ်(စိမ်း) အလတ် ကျပ် ၅၃၀၀၀၊ ရေချိုပုဇွန်ထုပ်(စိမ်း)အသေး ကျပ် ၄၃၀၀၀ အသီးသီး ဖြစ်ပေါ်နေပါသည်။ ယခင်ပတ် အလားတူကာလနှင့် ‌ဈေးနှုန်းနှိုင်းယှဉ်ပါက ရော်ဘာဈေးနှုန်း မပြောင်းသော် လည်း ပဲမျိုးစုံနှင့် သားငါး အများစုဈေးနှုန်းမှာ  အကျဘက် အနည်းငယ်ဖြစ်ပေါ်နေကြောင်း သိရှိရ ပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News