Local News

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ကင်းမွန်ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ကင်းမွန်ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်တင်တင်‌ဝင်းက ပြောပြသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ကင်းမွန်ပိဿာချိန် ၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ ကင်းမွန်ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “အခုလက်ရှိ ဖျာပုံမြို့နယ်က ကင်းမွန်တွေ အရင်ကထက် ပိုမိုတင်ပို့ရောင်းချနေရပါတယ်။ ပြီးခဲ့တဲ့ အောက် တိုဘာလထက် နိုဝင်ဘာလအတွင်း ကင်းမွန်ပိဿာချိန် ၂၇၀၀၀ ထိ ပိုမိုတင်ပို့ရောင်းချခဲ့ရပါတယ်။ ဖျာပုံမြို့နယ်ကနေ ထွက်ရှိတဲ့ ကင်းမွန်တွေ ရန်ကုန်ဈေးကွက်ကို အဓိက တင်ပို့ရောင်းချလျက်ရှိပါတယ်” ဟု ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်တင်ဝင်းက ပြောပြသည်။ အဆိုပါ ဖျားပုံမြို့နယ်မှ ရေထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များသည် ကင်းမွန်များကို စနစ်တကျသန့်စင်ပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါကင်းမွန်များကို ရန်ကုန်မြို့မှ တစ်ဆင့် အခြားဈေးကွက်များကို တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ကင်းမွန်များဈေးကောင်းရရှိလာသည့်အတွက် ကုန်သည်များ၊ ရေလုပ်သားများပွဲ ရုံပိုင် ရှင်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ လုပ်ငန်းများအဆင်ပြေပြေ လည်ပတ်လုပ်ကိုင်နေကြောင်း ပွဲရုံပိုင်ရှင် ဒေါ်တင်တင်ဝင်းထံမှ သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News