တိုကျိုမြို့အနီးတစ်ဝိုက်ရှိ ကွန်ဒိုတိုက်ခန်းအသစ်များ၏ ပျမ်းမျှဈေးနှုန်းမှာ ၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်တွင် တစ်ခန်းလျှင် ယန်း ၇၉.၅၃ သန်းအထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း Real Estate Economic Institute မှ ထုတ်ပြန်ထားကြောင်း ၂၂-၁၀-၂၀၂၄ ရက်နေ့ထုတ် The Japan Times သတင်းစာတွင် “Tokyo-area condo
အဆိုပါ သတင်းတွင် တိုကျို၊ စိုင်းတမ၊ ကာနဂါဝနှင့် ချိဘပြည်နယ်တို့ရှိ ကွန်ဒိုတိုက်ခန်း များ၏ ပျမ်းမျှဈေးနှုန်းမှာ ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ယန်း ၇၈.၃၆ သန်း ရှိခဲ့ကြောင်း၊ ကုန်စည်ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းနှင့် လုပ်အားခ ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းတို့ကြောင့် ဆောက်လုပ်ရေးကုန်ကျစရိတ်များ မြင့်တက်ခဲ့ကာ ကွန်ဒိုတိုက်ခန်း များ၏ ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ တိုကျိုရှိ ရပ်ကွက် ၂၃ ခုရှိ ကွန်ဒိုတိုက်ခန်း များ၏ ပျမ်းမျှဈေးနှုန်းမှာ ၄.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ တစ်ခန်းလျှင် ယန်း ၁၁၀.၅၁ သန်းအထိ မြင့်တက်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိတွင် တိုကျိုရှိ ရပ်ကွက် ၂၃ ခုရှိ ကွန်ဒိုတိုက်ခန်းများ၏ ပျမ်းမျှဈေးနှုန်းမှာ တစ်ခန်းလျှင် ယန်း ၁၀၀ သန်းရှိခဲ့ရာမှ ထိုသို့ မြင့်တက် ခဲ့ခြင်း ဖြစ်ကြောင်း၊ ချိဘပြည်နယ်ရှိ ကွန်ဒိုတိုက်ခန်းဈေးနှုန်းမှာ ပျမ်းမျှအားဖြင့် ၁၇.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ကာနဂါဝပြည်နယ်ရှိ ကွန်ဒိုတိုက်ခန်းဈေးနှုန်းမှာ ပျမ်းမျှအားဖြင့် ၁၀.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။
တိုကျိုအနီးတစ်ဝိုက်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ တည်ဆောက်မှုမှာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ စက်တင်ဘာလတွင် ၈,၈၅၁ ခုရှိခဲ့ရာမှ ၂၉.၇ ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး ၈၂၃၈ ခုသာ ရှိတော့ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားခဲ့မှုကြောင့် တိုက်ခန်းအသစ်များ တည်ဆောက် မှုမှာ ကျဆင်းခဲ့ကြောင်း၊အထူးသဖြင့် တိုကျိုရှိ ရပ်ကွက် ၂၃ ခုတွင် တိုက်ခန်းအသစ်တည်ဆောက် မှုမှာ ၄၂.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ ၃၂၄၂ ခုသာ ရှိကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ နှောင့်နှေးရခြင်းမှာ လုပ်သားပြတ်လပ်မှုကြောင့် ဖြစ်ကြောင်းနှင့် ကွန်ဒိုတိုက်ခန်းအသစ်များ တည်ဆောက်ပြီးစီးမည့် အချိန်ကာလကိုလည်း ခန့်မှန်းရန် ခက်ခဲလျက် ရှိကြောင်း ဖော်ပြထားပါ သည်။
(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)
Source: The Japan Times (၂၂-၁၀-၂၀၂၄)