International News

အင်ဒိုနီးရှားဘဏ် (Bank Indonesia) နှင့် စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ (Monetary Authority of Singapore-MAS) တို့အကြား နှစ်နိုင်ငံ ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို ၂၀၂၇ ခုနှစ်အထိ တိုးမြှင့်ဆောင်ရွက်

Last Updated:

အင်ဒိုနီးရှားနိုင်ငံ၏ ဗဟိုဘဏ်ဖြစ်သည့် အင်ဒိုနီးရှားဘဏ် (Bank Indonesia) နှင့် စင်ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့ (Monetary Authority of Singapore-MAS) တို့သည် နှစ်နိုင်ငံ ဗဟိုဘဏ်များအကြား နှစ်နိုင်ငံငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို ၂၀၂၇ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့အထိ ထပ်မံသက်တမ်းတိုးခဲ့ကြောင်း MAS က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

ယခင်က သက်တမ်း ၁ နှစ်ဖြစ်ပြီး ယခု သက်တမ်း ၃ နှစ်တိုးမြှင့်ခြင်းသည် အင်ဒိုနီးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် ငွေကြေးနှင့်ဘဏ္ဍာရေးတည်ငြိမ်မှုရှိစေရေး နှစ်နိုင်ငံဗဟိုဘဏ်များ အကြား ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း ဖော်ပြထားပါသည်။ နှစ်နိုင်ငံ ငွေကြေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တွင် စင်ကာပူဒေါ်လာ ၉.၅ ဘီလီယံအထိ သို့မဟုတ် အင်ဒိုနီးရှားငွေကြေး IDR ၁၀၀ ထရီလီယံအထိ နှစ်နိုင်ငံ ဗဟိုဘဏ်များအကြား ပြည်တွင်းသုံးငွေကြေးအဖြစ်သို့ လဲလှယ်ခွင့်ပြုသည့် ပြည်တွင်းသုံးငွေကြေးသဘောတူညီမှု (local currency bilateral swap agreement)၊ အပေါင်ပစ္စည်းအဖြစ် G3 Government Bonds အသုံးပြု၍ အမေရိကန်ဒေါ်လာ ၃ ဘီလီယံအထိ ငွေသားအဖြစ်ရယူနိုင်ရန် နှစ်နိုင်ငံ ဗဟိုဘဏ်များအကြား ငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်ခွင့်အတွက် repo agreement တို့ပါဝင်ပါသည်။

 

ရင်းမြစ်။        Monetary Authority of Singapore

စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့

Category: International News