Local News

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ငှက်ပျောလှိုင်လှိုင်ပေါ် တောင်သူများ စီးပွားရေးတွက်ခြေကိုက်

Last Updated:

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ငှက်ပျောသီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း ကျောက်ဆည်မြို့နယ်၌ ၁၂၈၂ ဧက၊ စဉ်ကိုင်မြို့၌ ၇၅၀ ဧက၊ မြစ်သားမြို့နယ်၌ ၁၀၈၁ ဧက စိုက်ပျိုးပြီး ရွှေလျောင်း၊ ဆူလေကုန်းနှင့် ကံဆွယ်ကျေးရွာများ၌ အများဆုံး စိုက်ပျိုးကြောင်း သိရသည်။ ငှက်ပျောသီးနှံကို ဇွန်လနှင့် ဇူလိုင်လတို့တွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလဆန်းပိုင်းတွင် ခူးဆွတ်လျက်ရှိကြောင်း၊ ငှက်ပျောစိုက်ပျိုးရာတွင် စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀၀ ခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ငှက်ပျောအခိုင် ၈၀၀ ခန့်အထိ ထွက်ရှိကြောင်း၊ နိုဝင်ဘာလပထမပတ်တွင် လက် ကားဈေးနှုန်းအနေဖြင့် ငှက်ပျောအခိုင် ၄၀ ပါ လှည်းတစ်စီးလျှင် ငွေကျပ် ၂၈၀၀၀၀ ဖြင့် အရောင်အဝယ်ဖြစ်လျက်ရှိပြီး လက်လီဈေးနှုန်းအနေဖြင့် ငှက်ပျောလက်ရင်းတစ်ဖီးလျှင် ငွေကျပ် ၃၅၀၀ နှင့် လက်ဖျားတစ်ဖီးလျှင် ငွေကျပ် ၂၅၀၀-၂၆၀၀ ဖြင့် ရောင်းချရကြောင်း၊ တောင်သူအကျိုးအမြတ်အနေဖြင့် ငွေကျပ် ၄၁၀၀၀၀၀ ခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ငှက်ပျောအခိုင်များကို သီးနှံပွဲစားများက ဥယျာဉ်ခြံထဲအရောက် လာရောက်ဝယ်ယူကြပြီး ထိုမှတစ်ဆင့် မန္တလေးနှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ယခုအချိန်တွင် ငှက်ပျောများ ဖြိုင်ဖြိုင်ထွက်ပေါ် လျက်ရှိသောကြောင့် ဈေးနှုန်းအနည်းငယ်ကျဆင်းသော်လည်း အကျိုးအမြတ်ရလျက်ရှိကြောင်း ငှက်ပျောစိုက်တောင် သူတစ်ဦးထံမှ သိရှိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News