International News

ထိုင်းလက်လီ၊လက်ကား လုပ်ငန်းရှင်များအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းကို စောင့်ကြည့် ရန် လိုအပ်ကြောင်း ထိုင်းလက်လီ၊ လက်ကားကုန်သွယ်ရေးအသင်းက အကြံပြုပြောကြားခဲ့

Last Updated:

အမေရိကန်နိုင်ငံ အိမ်ဖြူတော်သို့ Donald Trump ပြန်လည်ရောက်ရှိလာပြီးနောက် ထိုင်းလုပ် ငန်းများအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးနှင့် စီးပွားရေးလမ်းကြောင်းကို စောင့်ကြည့်သင့်ကြောင်း ထိုင်း လက်လီလက်ကားကုန်သွယ်ရေးအသင်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံသည် အမေရိကန်အပေါ် ကုန်သွယ်မှုပိုငွေ ဖြစ်ပေါ်နေသော်လည်း ထိုင်းကုန်သွယ် ရေးမူဝါဒများသည် အမေရိကန်ကုန်သွယ်ရေး မူဝါဒများနှင့်ကွဲလွဲမှုမဖြစ်ပါကြောင်း၊ အမေရိကန် အတွင်းသို့ ဝင်ရောက်လာသော နိုင်ငံခြားကုန်စည်များအပေါ် အခွန်နှုန်းထား တိုးမြှင့်ရန် Trump က အဆိုပြုထားကြောင်း၊ တရုတ်မှ သွင်းကုန်အားလုံးအပေါ် ၆၀ ရာခိုင်နှုန်းနှင့် အခြားနိုင်ငံများမှ သွင်း ကုန်များအပေါ် ၂၀ ရာခိုင်နှုန်းဖြစ်ကြောင်း၊ တင်သွင်းလာသော အချို့ မော်တော်ကားများအပေါ် ၂၀၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ရန် ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ ထိုင်းနိုင်ငံ၏ လက်လီနှင့် လက် ကားထုတ်ကုန်များ အနည်းငယ်ကိုသာ အမေရိကန်သို့ တင်ပို့လျက်ရှိသဖြင့် Trump ၏ အကာ အကွယ်ပေးရေး အစီအမံကြောင့် မထိခိုက်နိုင်ပါကြောင်း၊ တင်ပို့မှု အများဆုံးမှာ မော်တော်ကားနှင့် ဆက်စပ်ပစ္စည်းများနှင့် စိုက်ပျိုးရေးထုတ်ကုန်များဖြစ်ကြောင်း အသင်းအကြံပေး Mr. Somchai Porn-rattanacharoen က ပြောကြားခဲ့ပါသည်။

အမေရိကန်သည် ၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက် နိုင်ငံဖြစ်ခဲ့ပြီး ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆၈.၃ ဘီလီယံ ရှိခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံသည် အမေရိကန်နှင့်ကုန်သွယ်မှုပိုငွေဖြစ်ပေါ်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၉.၄ ဘီလီယံဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့်  အမေရိကန်နှင့် အခြားသော နိုင်ငံများအကြား ကုန်သွယ်ရေး မူဝါဒများကို စောင့်ကြည့်ရန် လိုအပ်ကြောင်း၊ ထိုင်းအစိုးရအနေဖြင့် အမေရိကန်အစိုးရသစ်၏ ကုန်သွယ်ရေးမူဝါဒကို စောင့်ကြည့် ရန်ဖြစ်ပြီး အထူးသဖြင့် အမေရိကန်ကုမ္ပဏီများနှင့် ထုတ်လုပ်မှုအခြေစိုက်အဖြစ် ဆောင်ရွက်မည့် အစီအစဉ်များကို ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် လုပ်သားကုန်ကျစရိတ် နည်းပါးသောကြောင့် အမေရိ ကန် လူသုံးကုန်ပစ္စည်း ထုတ်လုပ်သူများသည် ထိုင်းနိုင်ငံရှိ ထုတ်လုပ်မှုအခြေစိုက်များကို ထိန်းထားနိုင် ကြောင်း Mr. Somchai က သုံးသပ်ထားပါသည်။

အမေရိကန်က နိုင်ငံတစ်နိုင်ငံကို အခွန်အတားအဆီးများ ကောက်ခံခဲ့ပါက ထိုင်းအစိုးရအနေ ဖြင့် နိုင်ငံအတွင်းရှိ ယင်းနိုင်ငံ၏ အမှတ်တံဆိပ်ကို မှတ်သားထားရန်လိုအပ်ပါကြောင်း၊ အဘယ်ကြောင့် ဆိုသော် ယင်းသည် ထိုင်းထုတ်ကုန်များကို အမေရိကန်၏ စောင့်ကြည့်ခြင်း ခံရနိုင်သောကြောင့် ဖြစ် ကြောင်း၊ ကုမ္ပဏီအချို့သည် ၎င်းတို့၏ ပထဝီဝင်အကျိုးကျေးဇူးများအတွက် ထိုင်းနိုင်ငံကို ထုတ်လုပ်မှု အခြေစိုက်အဖြစ် ရွေးချယ်လာနိုင်သောကြောင့် အစိုးရအနေဖြင့် မက်လုံးပေးအစီအစဉ်များကို ပြန် လည်သုံးသပ်ခြင်းဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများသည် ထိုင်း လုပ်သားများထံ မည်သို့ဆောင်ရွက်ရမည်ဆိုသည့် အရည်အသွေးများ ရရှိနိုင်သဖြင့် အကျိုးရှိပါ ကြောင်း၊ ထိုင်းနိုင်ငံ၏ အကျိုးစီးပွားသည် ဦးစားပေးဖြစ်သော်လည်း အစိုးရအနေဖြင့် ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံများ၏ ကုန်သွယ်ရေး မူဝါဒများကိုလည်း သတိရှိရှိ အကဲဖြတ်ရန်လိုအပ်ကြောင်း Mr. Somchai က သုံးသပ်အကြံပြုထားပါသည်။

 

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News