International News

တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် ဉာဏ်ရည်တု နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရေးအတွက် ဂျပန်အစိုးရ၏ စီးပွားရေးဆိုင်ရာ ပံ့ပိုးမှုအစီအစဉ်အောက်မှ ယန်း ၂ ထရီလီယံ ပံ့ပိုးသွားမ်

Last Updated:

ဂျပန်အစိုးရ၏ ဘက်စုံစီးပွားရေးမြှင့်တင်နိုင်ရေး အစီအစဉ်အောက်တွင် တစ်ပိုင်း လျှပ်ကူးပစ္စည်းနှင့် ဉာဏ်ရည်တု နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရေး အတွက် ယန်း ၂ ထရီလီယံ ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ၉-၁၁-၂၀၂၄ ရက်နေ့ထုတ်     The Japan Times သတင်းစာတွင် “Japan eyes ¥2 trillion for chips and AI in economic package” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းတွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း ထုတ်ပြန်သွားမည့် ဘက်စုံ စီးပွားရေးမြှင့်တင်နိုင်ရေးအစီအစဉ်တွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် ဉာဏ်ရည်တု နည်း ပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရေးအတွက် ဂျပန်အစိုးရအနေဖြင့် ငွေကြေး အမြောက်အများ ပံ့ပိုးကာ မဟာဗျူဟာမြောက် ထောက်ပံ့မှုများ ပြုလုပ်ပေးသွားမည် ဖြစ် ကြောင်း၊ အထူးသဖြင့် ဟော့ကိုင်းဒိုးတွင် နည်းပညာမြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ အမြောက်အများ ထုတ်လုပ်မည့် Rapidus ၏ လုပ်ငန်းကို ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ရပ်ဆိုင်းခဲ့သော လျှပ်စစ်မီတာခများနှင့် ဓာတ်ငွေ့အသုံးပြုခများကို ဂျပန်အစိုးရမှ ပံ့ပိုးပေးသည့် အစီအစဉ်အား ပြန်လည်ခွင့်ပြုပေး နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် ယခုနှစ်ကုန်တွင် ရပ်ဆိုင်းရန် စီစဉ် ထားသည့် လောင်စာဆီအပေါ် အစိုးရက ပံ့ပိုးပေးသည့် အစီအစဉ်အားလည်း ဆက်လက် တိုးမြှင့် ခွင့်ပြုပေးနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့အတူ ဝင်ငွေနည်းပြည်သူများအား ငွေကြေးထောက်ပံ့ ပေးနိုင်ရေး၊ အသေးစား၊ အလတ်စား လုပ်ငန်းများအား အကူအညီများ ပံ့ပိုးပေးနိုင်ရေးနှင့် ဂျပန်နိုင်ငံအလယ်ပိုင်း နိုတိုကျွန်းဆွယ်၌ ဇန်နဝါရီလတွင် ဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်နှင့် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် မိုးကြီးမှုများ ခံစားခဲ့ရသည့် ပြည်သူ များ၏ ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများကို ပံ့ပိုးပေးနိုင်ရေးအတွက်လည်း ဆောင် ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။

အမေရိကန်နှင့်တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ အားပြိုင်မှုများ ဖြစ်ပွား နေချိန်တွင် ဂျပန်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအနေဖြင့် ပြည်တွင်း၌ တစ်ပိုင်းလျှပ်ကူး ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊ ဂျပန်အစိုးရအနေဖြင့် နိုင်ငံအတွင်း တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှု မြှင့်တင်နိုင်ရေးအတွက် နှစ်စဉ် ဖြည့်စွက် ရန်ပုံငွေမှ တစ်ဆင့် ဘဏ္ဍာငွေပံ့ပိုးပေးခဲ့ရာ လွန်ခဲ့သော ၃ နှစ်အတွင်း ယန်း ၃.၉ ထရီလီယံ ပံ့ပိုးပေးထားပြီး ဖြစ်ကြောင်း၊ ဂျပန်အစိုးရအနေဖြင့် လက်ရှိအချိန်မှစ၍ ဦးစားပေးကဏ္ဍများ သတ်မှတ်ကာ မဟာဗျူဟာမြောက်ပံ့ပိုးမှုများ ပေးနိုင်ရေးအတွက် ကာလလတ်စီမံချက် ရေးဆွဲသွားမည် ဖြစ်ကြောင်း၊ အဓိကအားဖြင့် ဉာဏ်ရည်တုနည်းပညာ အသုံးပြု သင်ကြား ရေးအတွက် လိုအပ်သည့် အရင်းအမြစ်များ မြှင့်တင်နိုင်ရေးနှင့် AI Foundation Models တည်ဆောက်နိုင်ရေးအတွက် Rapidus ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထိုသို့ ပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် အစိုးရပိုင် အစုရှယ်ယာများ ပါဝင် သည့် ချေးငွေစာချုပ်အသစ်များ ရောင်းချသွားမည် ဖြစ်ကြောင်း၊ အစိုးရမှ အစုရှယ်ယာ ထည့်ဝင် ထားသည့် Nippon Telegraph ၊ Telephone Corp. နှင့် Japan Tobacco တို့မှ ရရှိလာမည့် အမြတ်ငွေများဖြင့် အစိုးရချေးငွေများကို ပြန်လည်ပေးဆပ်သွားမည် ဖြစ် ကြောင်း၊ အလားတူ ဂျပန်အစိုးရအနေဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မည့် ကုမ္ပဏီ အသစ်များကိုလည်း ပုဂ္ဂလိကမှ ရင်းနှီးမြှုပ်နှံမှုများနှင့်ချေးငွေများ ရရှိလာသည်အထိ လုပ်ငန်းဆောင်ရွက်မှု အဆင့်အလိုက် ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်းနှင့် လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်နိုင်သည်အထိ အစိုးရက ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ဖော်ပြထား ပါသည်။

 

စီးပွားရေးသံမှူး၊ တိုကျိုမြို့၊ ဂျပန်နိုင်ငံ။

Category: International News