International News

တောင်ကိုရီးယားနိုင်ငံ၏ အရှေ့ပင်လယ်ရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့သိုက်တစ်ခုသည် စီးပွားဖြစ် ထုတ်လုပ်နိုင်စွမ်းမရှိဟု ထုတ်ပြန်

Last Updated:

တောင်ကိုရီးယားနိုင်ငံ၏ အရှေ့ပင်လယ်ရှိ ရေနံ၊ ဓာတ်ငွေ့သိုက်တစ်ခုသည် စီးပွားဖြစ် ထုတ်လုပ်နိုင်စွမ်းမရှိကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ၆-၂-၂၀၂၅ ရက် နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း အဆိုပြုရေနံနှင့်သဘာဝဓာတ်ငွေ့သိုက် (၇) ခုအနက် တစ်ခုတွင် ပထမဆုံးအကြိမ် တူးဖော်မှုလုပ်ငန်းဆောင်ရွက်ခဲ့ပြီးနောက် ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ယခုကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်ပါသည်။ စီးပွားဖြစ် ထုတ် လုပ်နိုင် ခြင်းရှိ/မရှိကို စဉ်းစားရာတွင် ထည့်သွင်းစဉ်းစားရမည့် ဘူမိဗေဒဆိုင်ရာအချက်အလက် များစွာ (ဥပမာ-ရေနံနှင့်သဘာဝဓာတ်ငွေ့သိုက်ဝိသေသလက္ခဏာများ၊ အောက်ခြေကျောက်သား၊  ရွှံ့၊ သဲနှင့် ဟိုက်ဒရိုကာဗွန်ဓါတ်ငွေ့သိုလှောင်မှု/ ပြည့်ဝမှုနှုန်းထား (Hydrocarbon Saturation Rates) စသည်ဖြင့်) ရှိပါကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်တစ်ခုမှ ရေနံနှင့် သဘာဝ ဓာတ်ငွေ့မည်မျှ တူးဖော်ရရှိနိုင်ဖွယ်ရှိသည်ကို တိုင်းတာရာတွင် Hydro carbon Saturation Rates သည် အဓိကအရေးပါကြောင်း၊ ဓာတ်ငွေ့သိုက်ရှိနိုင်သည့်အထောက်အထားများ တွေ့ရှိခဲ့ သော်လည်း Hydrocarbon Saturation Rates သည် အားကိုးလောက်ဖွယ်မရှိကြောင်း ကုန် သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနရှိ အဆင့်မြင့်အရာထမ်းက ပြောကြားခဲ့ပါသည်။

ပြည်ပမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေရေး သုတေသနကုမ္ပဏီကြီးတစ်ခု၏ လေ့လာမှု အရ တောင်ကိုရီးယားနိုင်ငံ၏အရှေ့ပင်လယ်တွင် ရေနံစည်ပေါင်း ၁၄ ဘီလီယံအထိရှိနိုင်သည့် ရေနံနှင့် သဘာဝဓါတ်ငွေ့သိုက် (၇) ခုရှိနေနိုင်သည်ဟူသော အဆိုပြုချက်ထုတ်ပြန်ပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ်၊ ဇွန်လမှ စတင်၍ အကြီးစားရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေးစီမံကိန်းကို စတင် ခဲ့ခြင်းဖြစ်ပါသည်။

သဘာဝဓာတ်ငွေ့ကို စီးပွားဖြစ်ထုတ်နိုင်ခြေမရှိသော်လည်း ရေနံစိမ်းသိုလှောင်ထားနိုင် မှုကို လေ့လာရာတွင် ထင်မှတ်ထားသည်ထက် အ‌ခြေအနေကောင်းများရှာဖွေတွေ့ရှိပါကြောင်း၊ ပထမဆုံးသောရေနံနှင့်သဘာဝဓာတ်ငွေ့သိုက်ကိုတူးဖော်လိုက်သည့်ရလဒ်အဖြေသည် ကျန်ရှိ သည့် (၆) ခုတွင် ဆက်လက်တူးဖော်သွားရေးအတွက် အရေးပါသောအချက်အလက်များကို ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနရှိ အဆင့်မြင့်အရာ ထမ်းက ပြောကြားခဲ့ပါသည်။

တူးဖော်ရန်ကျန်ရှိသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့သိုက် (၆) ခုတွင် နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုကို ဆွဲဆောင်ရန်ပြင်ဆင်နေပြီး တင်ဒါခေါ်ယူမှုကို ၂၀၂၅ ခုနှစ်၊ မတ်လတွင် ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

https://www.koreaherald.com/article/10414043

စီးပွားရေးသံမှူး၊ ဆိုးလ်မြို့။

Category: International News