ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့ရောင်းချသည့် နိုင်ငံများအနက်မှ တစ်ခုဖြစ်သည့် ဗီယက်နမ် နိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း ဆန်တန်ချိန် ၄.၅ သန်းကျော်တင်သွင်းခဲ့ကြောင်း ဗီယက်နမ်စားနပ် ရိက္ခာအသင်း၏အဆိုအရ သိရှိရပါသည်။
ဗီယက်နမ်စားနပ်ရိက္ခာအသင်း၏ အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်တွင် ဆန်တင်သွင်းမှု စုစုပေါင်းတန်ချိန် ၄.၅၂ သန်းရှိပြီး စပါးတန်ချိန် ၃.၈ သန်းနှင့် ကျန်ဆန်အမျိုးအစားများ ပါဝင်ကြောင်း သိရှိရပါသည်။
ကမ္ဘောဒီးယားနှင့် အိန္ဒိယတို့သည် ဗီယက်နမ်၏ အဓိကဆန်တင်သွင်းသည့် ရင်းမြစ်များဖြစ်ပြီး စုစုပေါင်းတန်ချိန် ၃.၃ သန်းကို ပံ့ပိုးပေးခဲ့ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ သည် ဆန်တန်ချိန် ၂.၇၃ သန်း တင်သွင်းခဲ့ပြီး စုစုပေါင်းတင်သွင်းမှု၏ ၈၂.၅၄ ရာခိုင်နှုန်းရှိ ကြောင်းနှင့် အိန္ဒိယ နိုင်ငံသည် ဆန်တန်ချိန် ၅၇၆,၀၀၀ တင်သွင်းခဲ့ပြီး ၁.၇၄ ရာခိုင်နှုန်းရှိ ကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်နိုင်ငံ၏ အခြားဆန်တင်သွင်းသည့်ရင်းမြစ်များမှာ လာအို၊ မြန်မာ၊ ထိုင်းတို့ ဖြစ်ကြောင်း ဖော်ပြထားသည်။
ကမ္ဘောဒီးယားနိုင်ငံမှ စပါးများကို Long An နှင့် Dong Thap ပြည်နယ်များရှိ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများမှ အဓိက တင်သွင်းခဲ့ပြီး ပြန်လည်တင်ပို့ရန်အတွက် အဓိက အသုံးပြုသည့် စပါးမျိုးဖြစ်ကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံမှ အရည်အသွေးနိမ့်ဆန်များကို ခေါက်ဆွဲထုတ်လုပ်ရန်၊ စက်မှုဇုန်ရှိ အလုပ်သမားများ စားသုံးရန်နှင့် တိရစ္ဆာန်အစာအတွက် အသုံးပြုရန်ဖြစ်ကြောင်း သိရှိရပါ သည်။
ဆန်တင်သွင်းမှု ပမာဏ မြင့်မားနေသော်လည်း ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် ဆန်တန်ချိန် ၉.၀၃ သန်း အမေရိကန်ဒေါ်လာ ၅.၆၇ ဘီလီယံနီးပါးတင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ပမာဏ အားဖြင့် ၁၁.၁ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၂၁.၁၈ ရာခိုင်နှုန်း တိုးမြင့်ခဲ့ကြောင်း ဖော်ပြ ထားသည်။
ပျမ်းမျှပို့ကုန်ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၂၇.၁၉ ရှိပြီး ၂၀၂၃ ခုနှစ် ထက် ၁၃.၄၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
၎င်းသည် ၁၉၈၉ ခုနှစ်တွင် ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်ပြီးနောက် ဗီယက်နမ်၏ ဆန်လုပ်ငန်းမှ စံချိန်တင်အမြင့်ဆုံး ပို့ကုန်ပမာဏဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ် နိုင်ငံသို့ ဆန်တင်ပို့သည့် ထိပ်တန်းဈေးကွက်လေးခုမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဂါနာတို့ဖြစ်ကြောင်း ဖော်ပြထားပါသည်။
Source: The Saigon Times
(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ဟနွိုင်းမြို့)