International News

ဗီယက်နမ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံမှ သီဟိုဠ်စေ့ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ နီးပါးဝယ်ယူ

Last Updated:

ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် သီဟိုဠ်စေ့ကုန်ကြမ်း တန်ချိန် ၈၂၀,၀၀၀ နီးပါး အား ကမ္ဘာ့ဒုတိယမြောက် သီဟိုဠ်စေ့ကုန်ကြမ်းထုတ်လုပ်သည့် ကမ္ဘောဒီးယားနိုင်ငံမှ တင် သွင်းခဲ့ကြောင်း၊ ၎င်း၏ သီဟိုဠ်စေ့ ပြုပြင်ထုတ်လုပ်ခြင်းနှင့် ပို့ကုန်ကဏ္ဍတွင် ထိပ်တန်းနေရာ ဆက်လက် ထိန်းသိမ်းနိုင်ရန်အတွက် ကုန်ကြမ်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ဝယ်ယူ ခဲ့ကြောင်း ဖော်ပြထားပါသည်။

ကမ္ဘောဒီးယား သီဟိုဠ်စေ့အသင်း (CAC) ၏ အဆိုအရ နိုင်ငံ၏ သီဟိုဠ်စေ့တင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၁၅ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် ၃၁ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်း၊ ၎င်းတို့အနက် ၉၀ ရာခိုင်နှုန်းသည်  ဗီယက်နမ်နိုင်ငံသို့ တင်ပို့ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ သီဟိုဠ်စေ့ထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၈၅၀,၀၀၀ အထိ မြင့်တက်လာခဲ့ပြီး ၂၀၂၃ ခုနှစ်ထက် ၂၆ ရာခိုင်နှုန်း မြင့်တက်လာကာ ကမ္ဘာ့ဒုတိယ အကြီးဆုံး သီဟိုဠ်စေ့ကုန်ကြမ်း ထုတ်လုပ်သူအဖြစ် ရပ်တည်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ယခုအခါ သီဟိုဠ်စေ့သည် ဆန်၊ ရော်ဘာ၊ ပီလောပီနံ၊ စားအုန်းဆီ၊ ငှက်ပျောသီး၊ သရက်သီး၊ ကြက်မောက်သီးနှင့် ငရုတ်ကောင်းတို့ကဲ့သို့ ကမ္ဘောဒီးယားနိုင်ငံ၏ တန်ဖိုးမြင့် လယ်ယာတင်ပို့မှု ကုန်စည်အဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။ အဆိုပါ လယ်ယာထွက်ကုန် များသည် ဗီယက်နမ် နိုင်ငံသို့ မြောက်များစွာတင်ပို့ရုံမျှသာမက နိုင်ငံတကာဈေးကွက်တွင် ဗီယက်နမ်ကုန်စည်များနှင့် ယှဉ်ပြိုင်တင်ပို့ရသည့် ကုန်စည်များဖြစ်ကြောင်း ဖော်ပြထား သည်။

ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ် စီးပွားရေးလုပ်ငန်းများသည် ကမ္ဘောဒီးယားမှ သီဟိုဠ်စေ့ကုန်ကြမ်း တန်ချိန် ၈၂၀,၀၀၀ နီးပါးကို ဝယ်ယူရန် အမေရိကန်ဒေါ်လာ ၁.၀၇  ဘီလီယံသုံးစွဲခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ကမ္ဘောဒီးယားမှ သွင်းကုန်ပမာဏမှာ ၃၃.၅ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၂၇.၄ ရာခိုင်နှုန်းတိုးလာကြောင်း ဖော်ပြထားပါသည်။

 ကမ္ဘောဒီးယားနိုင်ငံသည် ဗီယက်နမ်နိုင်ငံအတွက် လိုအပ်သော သီဟိုဠ်စေ့ကုန်ကြမ်း ၃၃.၂ ရာခိုင်နှုန်းကို ပံ့ပိုးပေးပြီး ဗီယက်နမ်နိုင်ငံ၏ ထုတ်လုပ်မှုနှင့် ပို့ကုန်တည်ငြိမ်မှုကို ထိန်းသိမ်းရန် ကူညီပေးခဲ့ကြောင်းနှင့် ၁၈ နှစ်ဆက်တိုက် ကမ္ဘာ့ထိပ်တန်းရောင်းချသူအဖြစ် ဗီယက်နမ်နိုင်ငံ၏ အဆင့်အတန်းကို အားဖြည့်ပေးခဲ့ကြောင်း ဖော်ပြထားပါသည်။  

 ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်သည် သီဟိုဠ်စေ့တန်ချိန် ၂၇၃,၈၀၀ ခန့် တင်ပို့ခဲ့ပြီး စံချိန်တင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄.၃၄ ဘီလီယံအထိ ရရှိခဲ့ကြောင်း သိရှိရပါသည်။

၎င်းသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပမာဏ ၁၂.၄ ရာခိုင်နှုန်းတိုးလာပြီး တန်ဖိုးအားဖြင့် ၁၉.၂ ရာခိုင်နှုန်းတိုးလာကြောင်းနှင့် ကမ္ဘာ့သီဟိုဠ်စေ့ဈေးကွက်ကို ဗီယက်နမ် နိုင်ငံ ဝင်ရောက်လာပြီးနောက် အမြင့်ဆုံး ကိန်းဂဏန်းများဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source: Vietnam Net

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ဟနွိုင်းမြို့)

Category: International News