International News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် အမေရိကန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှု မြင့်တက်

Last Updated:

အမေရိကန်နိုင်ငံ၏ စားသုံးသူဈေးဆနှုန်း (Consumer Price Index, CPI) သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် မြင့်တက်ခဲ့ကြောင်း The New York Times အွန်လိုင်းသတင်း၌ ၁၅-၁-၂၀၂၅ ရက် တွင်ဖော်ပြခဲ့ပါသည်။ အမေရိကန်အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စားသုံးသူဈေးဆ နှုန်းသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် (၀.၄) ရာခိုင်နှုန်းမြင့်တက်ခဲ့သဖြင့် ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက (၂.၉) ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ပါသည်။ ယင်းသို့မြင့်တက်ခဲ့ခြင်းသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းတွင် အမြင့်ဆုံးဖြစ်ပြီး ကြက်ဥအပါအဝင် အခြားအိမ်သုံးကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ နှစ်ပေါင်း(၄၀)အတွင်း ငွေကြေးဖောင်းပွမှုနှုန်းသည်  (၉) ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ ကျဆင်းခဲ့ရာ ၂၀၂၄ ခုနှစ်တွင် ကျဆင်းမှု နှေးကွေးလာခဲ့ပါသည်။ အိမ်သုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းသည် ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်း နှင့် ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတို့တွင် အတက်အကျမရှိ တည်ငြိမ်ခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် ကြက်ဥဈေးနှုန်းသည် (၃) ဆအထိ မြင့်တက်ခဲ့ပါသည်။ အိမ်အပေါင်စာချုပ်ဖြင့်ချေးငွေ၊ မော်တော် ယာဉ်ချေးငွေနှင့် အကြွေးဝယ်ကတ် အတိုးနှုန်းများ ကျဆင်းရန် အမေရိကန်နိုင်ငံသားများ မျှော်လင့် လျက်ရှိကြပြီး ဗဟိုဘဏ်အရာရှိများကလည်း ငွေကြေးဖောင်းပွမှု ပြန်လည်တိုးတက်ကောင်းမွန်လာ ခြင်းမရှိသဖြင့် စိုးရိမ်မှုများရှိကြောင်း ဖော်ပြခဲ့ကြပါသည်။ ဗဟိုဘဏ်အနေဖြင့် ငွေကြေးဖောင်းပွမှု တစ်ဖြည်းဖြည်းကျဆင်းရန် မျှော်လင့်လျက်ရှိကြသော်လည်း ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့် လက်ထက်တွင် ပို၍မသေချာမှုများနှင့် ကြုံတွေ့ရနိုင်ပါသည်။

Category: International News