International News

ထိုင်းနိုင်ငံ၊ PTT Oil and Retail Business (OR) က လုပ်ငန်းစွမ်းဆောင်ရည်ကျဆင်းလာသော ၎င်း၏ လုပ်ငန်းရှယ်ယာများအား ရောင်းချသွားရန် စီစဉ်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ၏ PTT Oil and Retail Business (OR) က စားသောက်ဆိုင်များအပါအဝင် လုပ်ငန်း စွမ်းဆောင်ရည်ကျဆင်းလာမှုကြောင့်ဖြစ်လာသည့် ဆုံးရှုံးမှုများကို လျှော့ချရန်အတွက် ၎င်း၏ လုပ်ငန်း ရှယ်ယာများအား ရောင်းချသွားနိုင်ရေး စီစဉ်လျက်ရှိကြောင်း အကြီးတန်းအရာရှိ Mr. Disathat Panya-rachun က ပြောကြားခဲ့ပါသည်။

ရှယ်ယာများရောင်းချရခြင်းမှာ ဆုံးရှုံးမှုများကို နည်းပါးစေရန်နှင့် ရှယ်ယာတန်ဖိုးများ ကျဆင်း မှု၏ သက်ရောက်မှုကို ရှောင်ရှားရန် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံရှိ Café Amazon နှင့် Kouen Sushi Bar အပါအဝင် အစားအစာနှင့် အဖျော်ယမကာ တံဆိပ်များဖြစ်သော Imsub Global Cuisine Co မှ ရှယ် ယာများကို ရောင်းချရန် စီစဉ်လျက်ရှိပါကြောင်း၊ ကုန်စည်များအား သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု ဆောင်ရွက်နေသည့် Flash Express ရှိ ရှယ်ယာများကိုလည်း ရောင်းချသွားမည်ဖြစ်ကြောင်း၊ ထိုင်း နိုင်ငံတွင် ၉ နှစ်ကြာ ဖွင့်လှစ်ရပ်တည်ခဲ့သော အမေရိကန် Texas Chicken သည် ဆုံးရှုံးမှုတန်ဖိုး ဘတ် ၅၀၀ သန်းရှိပြီဖြစ်သောကြောင့် ထိုင်းနိုင်ငံရှိ ၎င်း၏ ဆိုင်ခွဲများအားလုံးကို ပိတ်သိမ်းမည်ဖြစ်ရာ OR အနေဖြင့် Texas Chicken ရှိ ရင်းနှီးမြှုပ်နှံမှုများကို ရပ်ဆိုင်းသွားမည့်အခြေအနေကို ကြေညာခဲ့ပြီးဖြစ် ကြောင်း Mr. Disathat က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံရှိ ကြက်ကြော်ဈေးကွက်သည် ဘတ် ၂၇ ဘီလီယံခန့်ရှိပြီး KFC က ဈေးကွက်ဝေစု ၉၀ ရာခိုင်နှုန်း ရှိပါကြောင်း၊ OR နှင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးတွင် အကြံဉာဏ်ပေးသော Bluebik Group တို့ ဖက်စပ်ဆောင်ရွက်လျက်ရှိသည့် Orbit Digital တွင် ၎င်း၏ စီးပွားရေးလုပ်ငန်းအစီအစဉ်ကို OR အနေဖြင့် ချိန်ညှိသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ကုမ္ပဏီတွင် OR က ၄၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှုရှိ ပြီး ကျန်ရာခိုင်နှုန်းမှာ Bluebik Group က ပိုင်ဆိုင်ပါကြောင်း၊ Orbit Digital ကို OR ၏ နည်းပညာ သစ်များ၊ တီထွင်ဆန်းသစ်မှုများနှင့် စီးပွားရေးအခွင့်အလမ်းသစ်များအတွက် တည်ထောင်ခဲ့ခြင်း ဖြစ် ကြောင်း၊ ဆုံးရှုံးမှုများကို လျှော့ချရန်နှင့် စီးပွားရေးလုပ်ငန်းများကို ပြန်လည် သုံးသပ်ရခြင်းမှာ အတိုး၊ အခွန်များ၊ တန်ဖိုးလျော့ခြင်းများ ၃၀ ရာခိုင်နှုန်းသို့ မရောက်မီ OR ၏ ဝင်ငွေကို မြှင့်တင်ရန်ဖြစ် ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

အချို့သော စီးပွားရေးမိတ်ဖက်များက ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများသို့ တန်ဖိုးများ ဖြည့်စွက်လာခဲ့ သော်လည်း ရည်မှန်းချက်များအတိုင်း မအောင်မြင်နိုင်သည်ကို အချိန်က ပြသလျက်ရှိပါကြောင်း၊ အချို့ သော စီးပွားရေးလုပ်ငန်းများတွင် အရည်အသွေးမြှင့်တင်ရန် ရင်းမြစ်များ အကန့်အသတ်ရှိသဖြင့် မိတ်ဖက်သစ်များ ရှာဖွေခြင်းသည် ပိုမိုကောင်းမွန်ပါကြောင်း၊ OR သည် လူနေမှုပုံစံကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှုအသစ်အတွက် ဆွေးနွေးလျက်ရှိပါကြောင်း၊ ဆီလက်လီရောင်းချမှုတွင် OR သည် ဈေးကွက် အလားအလာကြီးထွားလျက်ရှိသည့် ကမ္ဘောဒီးယားတွင် စက်သုံးဆီအရောင်းဆိုင် တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံရှိ ရပ်ဆိုင်းထားသော ၎င်း၏ ဆီလုပ်ငန်းများကို ပြန်လည်ဆောင်ရွက်သွားလိုကြောင်း၊ လုပ်ငန်းရပ်ဆိုင်းထားမှုကြောင့် ဘတ် ၄၀၀ သန်းကုန်ကျကြောင်း Mr. Disathat က ပြောကြားခဲ့ပါသည်။

 

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News