International News

တရုတ်နိုင်ငံရှိ ပြည်နယ်များနှင့် မြို့ကြီးများစွာသည် တိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှုတို့ကို မြှင့်တင်ရန် ကြိုးပမ်းအားထုတ်လျက်ရှိ

Last Updated:

အထူးသဖြင့် စီးပွားရေး အင်အားကြီးနိုင်ငံများနှင့် ကွမ်တုံ (Guangdong) နှင့် အန်ဟွေ (Anhui) တို့ကဲ့သို့သော ဆန်းသစ်တီထွင်မှုများ ဖော်ဆောင်လျက်ရှိသည့် ဒေသများ အပါဝင် တရုတ်ပြည်နယ်နှင့် မြို့ကြီးများစွာသည် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် စက်မှုဆိုင်ရာ အသွင်ကူးပြောင်းမှုများ၏ အခွင့်အလမ်းများကို ဆုပ်ကိုင်ထားကြသည်။ ၎င်းတို့ အနေဖြင့် နည်းပညာမြင့် နယ်ပယ်တွင် ဦးဆောင်အင်အားစုများအဖြစ် ထူထောင်နိုင်ရန် ရည်မှန်းထားကြသည်။

Guangdong-Hong Kong-Macao Greater Bay Area ရှိ အဓိကကုန်ထုတ်လုပ်မှု အချက်အချာ နေရာတစ်ခုဖြစ်သည့် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်သည် နည်းပညာ ဆန်းသစ်တီထွင်မှု၏ ရှေ့ဆုံးမှရပ်တည်လျက်ရှိသည်။ ကွမ်တုံပြည်နယ် အုပ်ချုပ်ရေးမှူး Wang Weizhong သည် Tencent ဥက္ကဋ္ဌ Pony Ma Huateng နှင့်အတူ Shenzhen သို့ သွားရောက်ခဲ့ပြီး Leju Robotics မှ တီထွင်ထားသော အဆင့်မြင့် လူသားစက်ရုပ်များကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။ Leju Robotics ကုမ္ပဏီ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး (R&D) ကြိုးပမ်းမှုနှင့် အဆိုပါ အောင်မြင်မှုများ၏ အသွင်ကူးပြောင်းမှုကို လေ့လာခဲ့ကြောင်း Shenzhen အစိုးရ၏ တရားဝင် ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ကွမ်တုံ (Guangdong) ပြည်နယ်သည် နည်းပညာမြင့်စက်မှုလုပ်ငန်းများကို မြှင့်တင်ရန်၊ နည်းပညာ အဆင့်မြှင့်တင်မှုများနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို ဖော်ဆောင်ရန်နှင့် ဉာဏ်ရည်တု (AI) နှင့် စက်ရုပ်များကဲ့သို့သော တိုးတက်မှုမြင့်မားသည့် ကဏ္ဍများကို မြှင့်တင်သွားရန် ရည်ရွယ်ထားသည်ကို အဆိုပါခရီးစဉ်မှတစ်ဆင့် တွေ့ရှိရသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကွမ်တုံပြည်နယ်အနေဖြင့် ခေတ်မီစက်မှု စနစ်တစ်ခု တည်ဆောက်ရန်အတွက် လုပ်ဆောင်မှု အစီအစဉ်တစ်ခုကို ထုတ်ပြန်ခဲ့ကြောင်း ဆင်ဟွာသတင်း အေဂျင်စီက ဖော်ပြခဲ့သည်။ ကွမ်တုံပြည်နယ်သည် ၂၀၂၅ ခုနှစ်တွင် နှစ်စဉ် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ယွမ် တစ် ထရီလီယံ (ဒေါ်လာ ၁၃၆ ဒသမ ၈ ဘီလီယံ) ဖြင့် အဓိက ပြည်နယ်ဆောက်လုပ်ရေး စီမံကိန်းပေါင်း ၁,၅၀၀ ကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။

အဆိုပါစီမံကိန်းများအနက် စက်မှုလုပ်ငန်းစိမံကိန်းများသည် ၅၀ ရာခိုင်နှုန်းကို ပါဝင် ပြီး အဓိက စက်မှုလုပ်ငန်းကြီးငါးခုတွင် စီမံကိန်ပေါင်း ၃၈၀ ကို ဖော်ဆောင်လျက်ရှိရာ မျိုးဆက်သစ်သတင်းအချက် အလက်နည်းပညာ၊ အဆင့်မြင့်စက်ကိရိယာများထုတ်လုပ်ရေး၊ ပစ္စည်းများအသစ်များ (new materials) နှင့် ရေနံဓာတုဗေဒစတီးလ် (petrochemicals steel) တို့ပါဝင်သည်။ ယင်းစီမံကိန်းများအတွက် နှစ်စဉ် ရင်းနှီးမြှုပ်နှံမှု ယွမ် ၁၆၅ ဒသမ ၈ ဘီလီယံရှိကြောင်း ဒေသခံအစိုးရအရာရှိ Ai Xuefeng က ပြောခဲ့သည်။

Ai သည် ကွမ်တုံပြည်နယ်၏ လူသားဆန်သော စက်ရုပ်များ၊ အောင်မြင်မှုနည်းသည့် စီးပွားရေး (low-altitude economy) နှင့် commercial aerospace ကဲ့သို့သော အဓိကနယ်ပယ်များတွင် R&D သုတေသနစီမံကိန်းများကို စတင်ရန် အစီအစဉ်များ ကဲ့သို့ သော နည်းပညာဆန်းသစ်တီထွင်မှုအတွက် အာမခံပေးမှုကို အလေးပေးဖော်ပြခဲ့သည်။ အရည်အသွေးမြင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိရိုးဖလာ စက်မှုလုပ်ငန်းများ အသွင်ကူးပြောင်းရေးကို တွန်းအားပေးရန် ရည်ရွယ်ချက်ရှိသည့် အဆိုပါ အစီအစဉ်သည် ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန်၊ ဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန်နှင့် စီးပွားရေးလုပ်ငန်း များတိုးတက်မှုကို ပံ့ပိုးရန်အတွက် ကွမ်တုံ၏ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများကို ထင်ဟပ်စေ ကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ အဓိကစီးပွားရေးဒေသဖြစ်သည့် Greater Bay Area သည် နည်းပညာဆန်းသစ် တီထွင်မှုနှင့် စက်မှုလုပ်ငန်းပေါင်းစပ်ဆောင်ရွက်မှုမှတစ်ဆင့် ရှန်ကျန်း (Shenzhen) ကို ဉာဏ်ရည်တု စက်မှုလုပ်ငန်း (embodied intelligence industry) တွင် ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်တစ်ဦးအဖြစ် မြင်တွေ့ရမည်ဖြစ်ကြောင်း Shenzhen Institute of Artificial Intelligence and Robotics for Society မှ Liu Shaoshan က ပြောကြားခဲ့သည်။

အလားတူ တရုတ်နိုင်ငံ အရှေ့ပိုင်း အန်ဟွေ (Anhui) ပြည်နယ်အနေဖြင့် သိပ္ပံနှင့် နည်းပညာ ဆန်းသစ်တီထွင်မှုမှတစ်ဆင့် ၎င်း၏ အရည်အသွေးသစ် ထုတ်လုပ်မှုစွမ်းအားများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေးဖော်ပြခဲ့သည်။ ပြည်နယ်၏ မြို့တော် Hefei သည် အရည်အသွေးမြင့် သိပ္ပံနှင့် နည်းပညာ ဆိုင်ရာ ထောက်ပံ့မှုအတွက် ၎င်း၏ စွမ်းဆောင်ရည်ကို မြှင့်တင်သွားရန် ရည်ရွယ်ထားသည်။ အဓိက နည်းပညာကဏ္ဍတွင် အောင်မြင်မှုများ ရရှိစေရန်နှင့် ပေါင်းစပ်ဆားကစ်များ (integrated circuits)၊ ဖန်သားပြင်အသစ်များ (new displays) နှင့် AI ကဲ့သို့သော မဟာဗျူဟာမြောက် ထွန်းသစ်စ စက်မှု လုပ်ငန်းများကို ဖော်ဆောင်ရန် အလေးထားဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့အပြင် Hefei သည် ၎င်း၏ စွမ်းအင်သစ်၊ လျှပ်စစ်ဓာတ်စွမ်းအင်သစ်နှင့် ဇီဝဆေးဝါးစက်မှုလုပ်ငန်းတို့ကို နိုင်ငံတော် အဆင့် အစုအဖွဲ့များအထိ မြှင့်တင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ယင်းဆောင်ရွက်မှုသည် အန်ဟွေပြည်နယ်၏ အားသာချက်များနှင့် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး မဟာဗျူဟာတွင် ပေါင်းစည်းရန် ကတိကဝတ်ပြုမှုကို အလေးပေးဖော်ပြ ခြင်းဖြစ်ပြီး မကြာသေးမီနှစ်များ အတွင်း ပြည်နယ်၏ စွမ်းရည်နှင့် နည်းပညာ ဆန်းသစ် တီထွင်မှုများအပေါ် ခိုင်မာသောအာရုံစိုက်မှုသည် မကြုံစဖူးသော ဖွံ့ဖြိုးတိုးတက်မှု အခွင့် အလမ်းများကို ဖန်တီးပေးခဲ့ကြောင်း ဆန်းသစ်တီထွင်မှု လုပ်ငန်းများကို ဖော်ဆောင်ရန်နှင့် ဆန်းသစ်တီထွင်မှု၏ အောင်မြင်မှုများကို မြှင့်တင်ရန် ရည်ရွယ်သော ပလက်ဖောင်း တစ်ခု ဖြစ်သည့် Grand Union of Innovation ၏ ဥက္ကဋ္ဌ Wu Hailong က  ပြောကြားခဲ့သည်။

မကြာသေးမီက Grand Union of Innovation သည် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက် အဖွဲ့များနှင့် ဒုတိယအကြိမ် သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် ၎င်းပလပ်ဖောင်း မှတစ်ဆင့် နယ်ပယ်အသီးသီးမှ ထူးချွန်သော ပညာရှင်ပေါင်း ၁၀၀,၀၀၀ ကျော်ကို စုစည်းရန် ကြိုးပမ်း သွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြ ခဲ့သည်။

 

အရင်းအမြစ်။ http://en.people.cn/n3/2025/0213/c90000-20276204.html

စီးပွားရေးသံမှူး

တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: International News