International News

တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ်တွင် တည်ငြိမ်သောတိုးတက်မှုအတွက် အလားအလာများရှိကြောင်း ဗဟိုဘဏ်ပြော

Last Updated:

တရုတ်ပြည်သူ့ဘဏ် (People's Bank of China) မှ ထုတ်ပြန်သည့် ၂၀၂၄ ခုနှစ် စတုတ္ထလေးလပတ် ငွေကြေးမူဝါဒအစီရင်ခံစာတွင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ်တွင် တည်ငြိမ်သော တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဟု မျှော်လင့် ကြောင်း ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည့် လှုံ့ဆော်မှုအစီအမံများသည် ထုတ်လုပ် မှု၊ ဝယ်လိုအားနှင့် စျေးကွက်ဆိုင်ရာ အသိအမြင်များ ပြန်လည်အသက်ဝင်လာစေရန် စတင် လုပ်ဆောင်နေပြီဖြစ်သဖြင့် ပြန်လည်ဖွံ့ဖြိုးလာမှုအရှိန်ကို ဆက်လက်ထိန်းထားနိုင်မည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။

ပြည်တွင်းဝယ်လိုအားသည် ထင်ရှားသောရလဒ်များကို ဖော်ဆောင်ပေးသည့် စားသုံးမှု နှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် အစီအမံများဖြင့် တိုးတက်မှု အလားအလာကို ပြသနိုင်ခဲ့ သည်။ အထူးသဖြင့် အိမ်သုံးပစ္စည်းများအတွက် လက်လီရောင်းချမှုသည် ၂၀၂၄ ခုနှစ်တွင် တစ်နှစ်ထက်တစ်နှစ် ၁၁ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်သွားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် သင့်တင့်သောအဆင့်တွင် ဈေးနှုန်းတည်ငြိမ်ရေးကို ဦးစားပေး သည့် ပိုမို တက်ကြွသော ဘဏ္ဍာရေးမူဝါဒ (a more proactive fiscal policy) နှင့် အတန်သင့် လျော့ရဲသော ငွေကြေး မူဝါဒ (moderately loose monetary policy) ကို ချမှတ်သွားမည် ဖြစ်ကြောင်း ဗဟိုဘဏ်က ပြောကြားခဲ့သည်။

ငွေကြေးအာဏာပိုင်များ (monetary authorities) အနေဖြင့် နိုင်ငံခြားငွေလဲလှယ်မှု စျေးကွက် ခံနိုင်ရည်အား အားကောင်း လာစေရန် စျေးကွက် ငွေလဲနှုန်း ပြုပြင်ပြောင်းလဲမှုများ (market-driven exchange rate reforms) ကို လေးလေးနက်နက် ဖော်ဆောင်သွားမည် ဖြစ်ပြီး ယွမ်ငွေကြေး မျှခြေ အဆင့် (an equilibrium level) တွင် တည်ငြိမ်နေစေရန်အတွက် နယ်စပ်ဖြတ်ကျော် အရင်းအနှီး စီးဆင်းမှုကို စောင့်ကြည့်ခြင်း (cross-border capital flow monitoring) ကို တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် ယွမ်ငွေကို ကမ္ဘာလုံးဆိုင်ရာ အသုံးပြုမှု တိုးတက်စေရန် စီမံချက်များနှင့်အတူ အဖွဲ့အစည်းဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများနှင့် စံနှုန်းမြင့်သော ငွေကြေးဈေးကွက် ဖွင့်လှစ်မှုကို အရှိန်မြှင့် ဆောင်ရွက်မည် ဖြစ်ပြီး နိုင်ငံတကာငွေကြေး ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ပြောကြားခဲ့သည်။

 

အရင်းအမြစ်။ http://en.people.cn/n3/2025/0214/c90000-20276702.html

စီးပွားရေးသံမှူး၊ ကူမင်းမြို့။

Category: International News