International News

Mazda Motor Corporation က လျှပ်စစ်မော်တော်ကားအချက်အချာဖြစ်ရန် ရည်ရွယ်ချက်ဖြင့် ထိုင်း နိုင်ငံတွင် ဘတ် ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောကြားခဲ့

Last Updated:

Mazda Motor Corporation က ၎င်း၏ ကျစ်လျစ်သော လျှပ်စစ် Sport Utility Vehicles (SUV) ကို ပြည် တွင်းသုံးရန်နှင့် ပို့ကုန်အတွက်ရည်ရွယ်ထုတ်လုပ်သွားမည်ဖြစ်ရာ ထိုင်းနိုင်ငံကို ထုတ်လုပ်မှု အချက်အချာအဖြစ် မှတ်ယူ၍ ဘတ် ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံသွား မည်ဖြစ်ကြောင်း သိရှိရပါသည်။

ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် အကြီးတန်းအရာရှိဖြစ်သူ Mr. Masahiro Moro သည် ဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ပြီး ထိုင်းနိုင်ငံနှင့် ခိုင်မာသော မိတ်ဖက်ဆက်ဆံရေးအတွက် Mazda ၏ ကတိကဝတ်ကို အတည်ပြုခဲ့ကြောင်း၊ Mazda ၏ ကျစ်လျစ်သော လျှပ်စစ် Sport Utility Vehicles (SUV) တွင် ရင်းနှီး မြှုပ်နှံမှုများသည် လျှပ်စစ်မော်တော်ကားထုတ်လုပ်မှုသို့ တဖြည်းဖြည်းပြောင်းလဲနေခြင်း ဖြစ်ကြောင်း၊ ထပ်လောင်းရင်းနှီးမြှုပ်နှံမှုအနေဖြင့် Mazda သည် ပတ်ဝန်းကျင်သဟဇာတဖြစ်ပြီး နှစ်မျိုးသုံးနည်း ပညာပါဝင်သည့်ပုံစံ ကမ္ဘာ့စံနှုန်းများနှင့် ကိုက်ညီသည့် ကျစ်လျစ်သော စွမ်းဆောင်ရည်မြင့် SUV  ထုတ်လုပ်ရန် ရည်မှန်းထားပါ ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုသည် ပြည်တွင်းရောင်းချရန်နှင့် ဂျပန်အပါအဝင် အရှေ့ တောင်အာရှ နိုင်ငံများသို့ တင်ပို့သွားမည်ဖြစ်ကြောင်း၊ တစ်နှစ်လျှင် အစီးရေ ၁၀၀,၀၀၀ ထုတ်လုပ်သွား မည်ဖြစ်ကြောင်း Mr. Masahiro Moro က ပြောကြားခဲ့ပါသည်။

Mazda သည် ထိုင်းနိုင်ငံ မော်တော်ကားဈေးကွက်တွင် နှစ်ပေါင်း ၇၀ ကျော် ရပ်တည် လာခဲ့ပြီး ထုတ်လုပ်သည့်စက်ရုံ ၂ ခုရှိပါကြောင်း၊ AutoAlliance သည် ၁၉၉၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ခရီးသည်တင်ယာဉ်နှင့် စီးပွားရေးသုံးမော်တော်ယာဉ်များကို ပြည်တွင်းသုံးနှင့် ပို့ကုန်အတွက် ထုတ်လုပ်ခဲ့ပါကြောင်း၊ Mazda Powertrain Manufacturing Thailand ကို ၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အင်ဂျင်များနှင့် အလိုအလျောက် ထုတ်လွှတ် သည့် စနစ်များကိုထုတ်လုပ်လျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများသည် မော်တော်ယာဉ် ထုတ်လုပ်မှု တိုးမြှင့်ရန်နှင့် ဘတ္တရီအပါအဝင် လျှပ်စစ်မော်တော်ကား အဓိကအစိတ်အပိုင်း များကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ ကာဗွန်ကင်းစင်ရေး မျှော်မှန်းချက်ကိုရောက်ရှိရန် ကာဗွန်ထုတ်လွှတ်မှု လျှော့ချသည့် နည်းလမ်းများစွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နည်းပညာဆိုင်ရာဆောင်ရွက်ချက်များတွင် ဒီဇယ်အင်ဂျင်များမှ နှစ်မျိုးသုံးနှင့် ဘတ္တရီ လျှပ်စစ်မော်တော်ကားတို့သာမက မော်တော်ယာဉ်များ၏ သက်တမ်းများကို ထုတ်လုပ်မှု၊ ဖြန့်ချိမှုနှင့် စွန့်ပစ်မှုစီမံခန့်ခွဲမှုပါ ပါဝင်ကြောင်း Mr. Moro က ဆက်လက်ပြောကြားခဲ့သည်။

Source: www.bangkokpost.com စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News