ဗီယက်နမ်နိုင်ငံသည် ဇန်နဝါရီလအတွင်း ရာဘာတန်ချိန် ၁၆၀,၆၃၂ တန်တင်ပို့ခဲ့ပြီး ပို့ကုန် ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၉၈.၆၈ သန်းရရှိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
အဆိုပါကိန်းဂဏန်းသည် တစ်နှစ်ထက်တစ်နှစ် ၂၃.၇ ရာခိုင်နှုန်းကျဆင်းသွားသော်လည်း တန်ဖိုးအားဖြင့် ၀.၆ ရာခိုင်နှုန်းတိုးလာကြောင်း တွေ့ရှိရပါသည်။
ပို့ကုန်ဝင်ငွေ တစ်တန်လျှင် ၁,၈၅၉ ဒေါ်လာ သို့မြင့်တက်လာသောကြောင့် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ဈေးနှုန်း ၃၂ ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြထား ပါသည်။
တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးရာဘာတင်သွင်းသူဖြစ်ပြီး ရာဘာတန်ချိန် ၁၂၆,၃၈၄ တန် တင်သွင်းခဲ့ကြောင်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၃၃.၃ သန်းရှိပြီး စုစုပေါင်း တင်ပို့မှုပမာဏ၏ ၇၈.၇ ရာခိုင်နှုန်းနှင့် စုစုပေါင်းတန်ဖိုး၏ ၇၈.၁ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။ ၎င်းနောက်တွင် မလေးရှားမှ ၆၆၀၅ တန် တင်သွင်းခဲ့ကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်နိုင်ငံသည် ပြီးခဲ့သည့်နှစ်အတွင်း ရာဘာတန်ချိန် ၂ သန်းတင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။
Source: VN Economy
(စီးပွားရေးသံမှူး၊ဗီယက်နမ်)