ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၇.၅ သန်းကျော် အဓိကအားဖြင့် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှ တင်ပို့ရန် ရည်မှန်းထားကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (MARD) ကို ကိုးကား၍ ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့ ပါသည်။
စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန (MOIT) သို့ ပေးပို့သော MARD ၏ အစီရင်ခံစာအရ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် ဆန်ဟက်တာ ၃.၇၈ သန်းစိုက်ပျိုးနိုင်ပြီး တန်ချိန် ၂၃.၉၆ သန်း ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ စုစုပေါင်းစပါးတန်ချိန် ၁၅.၀၈ သန်းနှင့်ညီမျှသည့် ကြိတ်ခွဲပြီး ဆန် ၇.၅၄ သန်းကို တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
ဆန်တင်ပို့မှု အစီအစဉ်တွင် အရည်အသွေးမြင့်ဆန်မွှေး တန်ချိန် ၅.၆၅ သန်း (၇၅ ရာခိုင်နှုန်း)၊ ကောက်ညှင်းဆန် တန်ချိန် ၇၅၄,၀၀၀ (၁၀ ရာခိုင်နှုန်း) နှင့် အလတ်စားဆန် တန်ချိန် ၁.၁၃ သန်း (၁၅ ရာခိုင်နှုန်း) ပါဝင်ကြောင်း သိရှိရပါသည်။ ယခုနှစ် ပထမနှစ်ဝက်တွင် တန်ချိန် ၄.၅၃ သန်းတင်ပို့နိုင်မည်ဖြစ်ပြီး ကျန်နှစ်ဝက်တွင် တန်ချိန် ၃ သန်းကျော် တင်ပို့နိုင်မည် ဖြစ် ကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်နိုင်ငံ၏ စပါးစိုက်ပျိုးဧရိယာသည် ၂၀၂၅ ခုနှစ်တွင် စုစုပေါင်း ဟက်တာ ၇ သန်းရှိမည်ဟုမျှော်မှန်းထားပြီး စုစုပေါင်းထွက်ရှိမှုမှာ တန်ချိန် ၄၃.၁၄ သန်းရှိမည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။
Source: The Saigon Times
(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ဟနွိုင်းမြို့)