ထိုင်းနိုင်ငံအတွင်း လုံခြုံမှုဆိုင်ရာ စိုးရိမ်မှုများကြောင့် တစ်ဦးချင်းခရီးသွားများ၏ Booking အသစ်များ ပိုမိုနည်းပါးလာချိန်၌ လာမည့် တရုတ်နှစ်ကူးပိတ်ရက်ကာလအတွင်း တရုတ်ခရီးသွား အုပ် စုများမှ ဟိုတယ်များနှင့် လေကြောင်းလိုင်း ခရီးစဉ်ဖျက်သိမ်းများမှုများစွာ စတင်တွေ့မြင်နေရကြောင်း သိရှိရပါသည်။
ဟောင်ကောင် အဆိုတော်နှင့် သရုပ်ဆောင်ဖြစ်သူ Eason Chan က ထိုင်းနိုင်ငံသို့ လာရောက် မည့် ၎င်း၏ ပရိသတ်များ၏ လုံခြုံရေးအပေါ် စိုးရိမ်ပူပန်သည်ဟု အကြောင်းပြချက်ဖြင့် စီစဉ်ထားသော ဖျော်ဖြေရေးကို လွန်ခဲ့သော ရက်သတ္တပတ်ကို ဖျက်သိမ်းခဲ့ပါကြောင်း၊ ဟောင်ကောင် လုံခြုံရေးဗျူရို ကလည်း ထိုင်းနိုင်ငံသို့ လုပ်ငန်းအဖွဲ့စေလွှတ်ပြီး ၎င်း၏ နိုင်ငံသားများ အရှေ့တောင်အာရှအတွင်း လိမ် လည်၍ အလုပ်ခေါ်ယူခြင်းများအပေါ် စုံစမ်းစစ်ဆေးနေပါကြောင်း၊ ဟောင်ကောင်လုံခြုံရေးအရာရှိ များက ခရီးသွားများသည် ထိုင်းနိုင်ငံအတွင်း လှည့်စားပြန်ပေးဆွဲခြင်းမရှိခဲ့ဟု အတည်ပြုပေးခဲ့ပါ ကြောင်း၊ ပြန်ပေးဆွဲခံရသူများသည် တောင်အာရှသို့ ကုန်စည်များ သယ်ယူပို့ဆောင်ရန် ငှားရမ်းခြင်းခံ ရပြီးနောက် ထိုင်းနိုင်ငံအတွင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ကြကြောင်း ခရီးသွားနှင့် အား ကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Ms. Natthriya Thaweevong က ပြောကြား ခဲ့ပါသည်။
ဟောင်ကောင်အာဏာပိုင်များက ၎င်း၏ နိုင်ငံသားများအား လစာမြင့်မားသော အလုပ်အတွက် ချဉ်းကပ်၍ ကမ်းလှမ်းလာပါက သတိထားရန် တိုက်တွန်းထားပါကြောင်း၊ ထိုင်းနိုင်ငံ ခရီးသွားနှင့် အား ကစားဝန်ကြီးဌာနသည် ခရီးသွားများအတွက် လုံခြုံစိတ်ချရမှုကို ပိုမိုခိုင်မာသော အစီအမံများ ဆောင် ရွက်လျက်ရှိပြီး အကူအညီလိုအပ်ပါက ၂၄ နာရီ အကူအညီပေးရန် ခရီးသွားရဲများကို ညွှန်ကြားထား ကြောင်း အမြဲတမ်းအတွင်းဝန်က ဆက်လက်ပြောကြားခဲ့ပါသည်။
နိုင်ငံအတွင်း တရုတ်ခရီးသွားများကို ဦးတည်ထားသည့် အဓိက နေရာများရှိ ဟိုတယ်များတွင် ဖျက်သိမ်းမှုကို စတင်လက်ခံနေရပြီဖြစ်ကြောင်း၊ တစ်ဦးချင်းခရီးသွားများ၏ Booking များအတွက် ပြန်အမ်းငွေမရရှိသော်လည်း ခရီးသွားအုပ်စုများမှာမူ ဟိုတယ်နှင့် လေယာဉ်လက်မှတ် Booking များကို ဖျက်သိမ်းနိုင်သေးပါကြောင်း၊ လုပ်ငန်းအများစုသည် ပိတ်ရက်မှ ပြန်လည်ရောက်ရှိ လာချိန် ဖြစ်ပြီး စားသုံးသူများအတွက် ရှင်းလင်းသော ဆောင်ရွက်မှုများ မရှိသေးသဖြင့် နိုင်ငံအနှံ့ရှိ ဟိုတယ် များ၏ အခြေအနေများကို ထိုင်းဟိုတယ်များအသင်းအနေဖြင့် စောင့်ကြည့်လျက်ရှိကြောင်း၊ ဟိုတယ် လုပ်ငန်းရှင်များက အစိုးရအနေဖြင့် ယုံကြည်မှုပြန်လည်တည်ဆောက်မှုကို တတ်နိုင်သမျှ မြန်မြန် ဆောင်ရွက်စေလိုကြောင်း၊ တရုတ်သရုပ်ဆောင် Wang Xing လူကုန်ကူးခံရမှုမဖြစ်ပွားခင်က ထိုင်း နိုင်ငံရှိ ဟိုတယ်များတွင် တရုတ်နှစ်သစ်ကူးအတွက် Booking များ ခိုင်မာလျက်ရှိပြီး ဒေသတိုင်းက ယခင်နှစ်ကာလတူထက် Booking ပိုများသည်ဟု အစီရင်ခံခဲ့ကြပါကြောင်း ထိုင်းဟိုတယ်များအသင်း ဥက္ကဋ္ဌ Ms. Prachoom Tantiprasertsuk က ပြောကြားခဲ့ပါသည်။
တရုတ်ခရီးသွားများထံမှ ခရီးစဉ်ဖျက်သိမ်းမှု အရေအတွက် ကြီးမားလာပါကြောင်း၊ ခရီးသွား လုပ်ငန်းပိုင်ရှင်များက တရုတ်နှစ်ကူးကာလအတွင်း ဖူးခက်သို့ စင်းလုံးငှားလေယာဉ်ပြေးဆွဲရန် လျာ ထားသော်လည်း ဧည့်သည်များထံမှ ဝယ်လိုအားနည်းသဖြင့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါကြောင်း၊ နယ်ပယ်စုံမှ သက်ရောက်မှုများရှိသော်လည်း ထိုင်းနှင့် တရုတ်တို့အကြား ဗီဇာကင်းလွတ်ခွင့် မူဝါဒ ကြောင့် လေကြောင်းလိုင်းများအနေဖြင့် ယခုရက်သတ္တပတ် ပြီးဆုံးသည်အထိ စောင့်ကြည့်ရန် ဖြစ် ကြောင်း Thai Lion Air အရာရှိ Nuntaporn Komonsittivate က ဖြည့်စွက်ပြောကြားခဲ့ပါသည်။
Source: www.bangkokpost.com ၊
စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။