လုလု လက်လီအရောင်းဆိုင်လုပ်ငန်းသည် ယူအေအီးနိုင်ငံ၏မြို့တော် အဘူဒါဘီစတော့အိပ်ချိန်း (ADX) တွင် ၎င်းတို့၏ ကနဦးအများပြည်သူသို့ကမ်းလှမ်းမှု (IPO) စံချိန်တင်ခဲ့ပြီးနောက် သိသာ ထင် ရှားသောမှတ်တိုင်တစ်ခုအဖြစ် ၂၀၂၄ ခုနှစ် တတိယသုံးလပတ်နှင့် ပထမကိုးလအတွက် အထင်ကြီး လောက်ဖွယ်ရာ ဘဏ္ဍာရေးရလဒ်များကို ဖော်ပြခဲ့ပါသည်။
အဆိုပါကုမ္ပဏီသည် တတိယသုံးလပတ်တွင် တစ်နှစ်ထက်တစ်နှစ် (YoY) ဝင်ငွေ ၆.၁ % တိုးတက် လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၁.၈၆ ဘီလီယံအထိရောက်ရှိလာခဲ့ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါ သည်။
အဓိကထုတ်ကုန်အမျိုးအစားများမှ ထင်ရှားသောရောင်းအားများနှင့်အတူ ယူအေအီး၊ ဆော်ဒီ အာ ရေဗျနှင့် ကူဝိတ်ကဲ့သို့သော အဓိကစျေးကွက်များတွင် ကြီးမားစွာတိုးတက်လာခဲ့မှုကြောင့် အရောင်း မြင့်တက်လာမှု၏ တွန်းအားကိုရရှိခဲ့ခြင်းဖြစ်ပါသည်။ တတိယသုံးလပတ်အတွက် အသစ် သို့မဟုတ် ခွဲထွက်ထားသော လုပ်ငန်းများအတွက် ချိန်ညှိထားသော ရောင်းအားတိုးတက်မှု၏အတိုင်းအတာ တစ်ခုဖြစ်သည့် (LFL) ရောင်းအား ၁.၂ % တိုးတက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံအထိ မြင့်တက်လာခဲ့ကာ ၉ လအတွင်း LFL ရောင်းအား ၂.၂ % တိုးတက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၅.၃ ဘီလီယံအထိ တိုးမြင့်လာခဲ့ပါသည်။
ယူအေအီးနိုင်ငံတွင် လုလုလက်လီအရောင်းဆိုင်များသည် LFL ရောင်းအား ၄.၇ % တိုးတက်လာမှု နှင့် နှစ်လို့ဖွယ်ရာစျေးကွက်အခြေအနေများကြောင့် တတိယသုံးလပတ်အတွက် ဝင်ငွေ ၇.၅ % တိုး တက်လာခဲ့ပြီး ၎င်းကုမ္ပဏီသည် ၂၀၂၄ ခုနှစ် ပထမကိုးလအတွင်း စတိုးဆိုင်အသစ် ၃ ဆိုင်ကိုလည်း ဖွင့်လှစ်နိုင်ခဲ့ကြောင်း အစီရင်ခံဖော်ပြခဲ့ပါသည်။
ဆော်ဒီအာရေဗျနိုင်ငံတွင် ၎င်း၏ဝင်ငွေ ၅.၇ % တိုးတက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၆၉.၃ သန်း အထိရောက်ရှိလာခဲ့ကာ အိုမန်၊ ကူဝိတ်နှင့် ဘာရိန်းနိုင်ငံများကဲ့သို့သော အခြား GCC ဈေးကွက်များ အားကောင်းလာခဲ့သလို ကာတာနိုင်ငံမှာလည်း ထိပ်တန်းဈေးကွက်ဝေစုဖြင့် တည်ငြိမ်သော၀င်ငွေ ကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ဖော်ပြထားပါသည်။
လုလု၏ လွယ်ကူချောမွေ့စွာစျေးဝယ်ခြင်းအတွေ့အကြုံကို e-commerce ဖြင့် အွန်လိုင်းမှ အဆင် ပြေစွာဆောင်ရွက်နိုင်ရန် ရည်ရွယ်ဆောင်ရွက်လျှက်ရှိသည့် စီးပွားရေးနည်းပညာဗျူဟာ တစ်ရပ် ဖြစ်သည့် omnichannel နည်းဗျူဟာသည် e-commerce ရောင်းအား တစ်နှစ်ထက်တစ်နှစ် ၈၃.၅ % တိုးတက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၃၇.၄ သန်းအထိ မြင့်တက်လာခဲ့ကာ ယခုအခါစုစုပေါင်း လက်လီရောင်းချမှု၏ ၄.၃ % ပမာဏအထိရှိလာခဲ့ပြီး အပြုသဘောဆောင်သောရလဒ်များဖြင့် လုပ် ငန်းဆက်လက် ဆောင်ရွက်လျှက်ရှိပါသည်။
တတိယသုံးလပတ်အတွက် အတိုး၊ အခွန်နှင့် တန်ဖိုးလျော့မပါဝင်သေးသည့် EBITDA ဝင်ငွေသည် တစ်နှစ်ထက်တစ်နှစ် ၉.၉ % တိုးတက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၇၆.၃ သန်းအထိ မြင့်တက် လာခဲ့ကာ EBITDA အနားသတ် ၉.၅ % ဖြင့် လုပ်ငန်းဆက်လက်လည်ပတ်မှုစွမ်းဆောင်ရည်ကို ထင် ဟပ်စေခဲ့ပါသည်။ လုပ်ငန်းဆက်လက်လည်ပတ်ခြင်းမှ အသားတင်အမြတ်သည် ၁၂၆.၀ % ဖြင့် တတိယသုံးလပတ်တွင် အမေရိကန်ဒေါ်လာ ၃၅.၁ သန်းအထိ တိုးတက်လာခဲ့ပြီး ၉ လတာကာလ အတွက် ၇၃.၃ % ဖြင့် အမေရိကန်ဒေါ်လာ ၁၅၁.၅ သန်း သို့ မြင့်တက်လာခဲ့ပါသည်။
လုလုအရောင်းဆိုင်ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ Yusuffali MA က GCC နိုင်ငံများ၏ တိုးချဲ့စီးပွားရေး အခင်းအကျင်းများကြားတွင် ၎င်းတို့ကုမ္ပဏီ၏ တိုးတက်မှုများကို မီးမောင်းထိုးဖော်ပြခဲ့ပြီး အမှု ဆောင်အရာရှိချုပ်ဖြစ်သူ Saifee Rupawala က စျေးကွက်ချဲ့ထွင်ခြင်းနှင့် ဖောက်သည်ကိုဗဟိုပြု သည့် မဟာဗျူဟာများကြောင့် ဆက်တိုက်၀င်ငွေနှင့် အမြတ်များအား ရရှိခဲ့မှုများအပေါ်အလေးပေး ပြောကြားခဲ့ပါသည်။
Source: Emirates News Agency
Date: 20.11.2024
Nanda Soe Myint Economic Counsellor (Dubai)