International News

အိန္ဒိယစီးပွားရေးသည် ၂၀၂၆ ဘဏ္ဍာနှစ်တွင် ၆.၆ ရာခိုင်နှုန်း တိုးတက်မည်

Last Updated:

India Ratings and Research (Ind-Ra) အဖွဲ့က ဗုဒ္ဓဟူးနေ့တွင် အိန္ဒိယစီးပွားရေးသည် ၂၀၂၅-၂၆ တွင် ၆.၆ ရာခိုင်နှုန်း တိုးတက်မည်ဟု ဗုဒ္ဓဟူးနေ့က ခန့်မှန်းခဲ့ပြီး လက်ရှိဘဏ္ဍာရေးနှစ် တွင် ၆.၄ ရာခိုင်နှုန်းရှိမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများသည် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် ကာလ များကဲ့သို့ပင်၂၀၂၆ ခုနှစ်၌ အိန္ဒိယစီးပွားရေး၏ အဓိကတိုးတက်မှုဖြစ်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယစီးပွားရေးသည် လွန်ခဲ့သည့်သုံးလပတ်အတွင်း တိုးတက်မှုနှေးကွေးခဲ့သည်ကို ကြုံ တွေ့ခဲ့ရပြီး ဒီဇင်ဘာသုံးလပတ်တွင် ပြန်လည်ကောင်းမွန်လာဖွယ်ရှိကြောင်းလည်း  ခန့်မှန်းထား သည်။

၂၀၂၄ ဘဏ္ဍာနှစ်အထိ အိန္ဒိယနိုင်ငံ၏ GDP တိုးတက်မှုသည် Covid-19 ၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများကို ကြုံတွေ့ခဲ့ရကြောင်း၊ ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်၏ ဇွန်လသုံးလပတ် GDP တိုးတက်မှုသည် ၂၀၂၄ ခုနှစ် မေလ အထွေထွေ ရွေးကောက်ပွဲတို့ကြောင့် သက်ရောက်မှုများ ကြုံတွေ့ခဲ့ရကြောင်း၊ အိန္ဒိယစီးပွားရေးသည် ငွေကြေး၊ ဘဏ္ဍာရေးနှင့် ပြင်ပရေးရာကြပ်တည်းမှု များနှင့်ရင်ဆိုင်နေရသည်ဟု Ind-Ra ကယုံကြည်ပါကြောင်း၊  ယခုအချိန်တွင် ငွေကြေးအခြေအနေ များ အဆင်ပြေလာမည်ဟု မျှော်လင့်ထားသော်လည်း ဘဏ္ဍာရေးနှင့် ပြင်ပရေးရာကြပ်တည်းမှု များကို ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်လည်း ဆက်လက် မျှော်လင့်ထားရမည်ဖြစ်ကြောင်း Ind-Ra က ပြောကြားခဲ့သည်။

Ind-Ra ၏ ပြောကြားချက်အရ ဒေါ်လာတန်ဖိုးဆက်လက်အားကောင်းနေပါက တိုးတက်မှု နှင့်ငွေကြေးဖောင်းပွမှုခန့်မှန်းချက်သည် အကောက်ခွန်နှုန်းအားပြိင်မှုနှင့် ပြည်ပသို့အရင်းအနှီး များ စီးဆင်းမှုတို့ကြောင့် သက်ရောက်မှုများရှိုနိင်ကြောင်း ပြောကြားထားသည်။

Ind-Ra သည် ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် လက်လီငွေကြေးဖောင်းပွမှုကို ပျမ်းမျှ ၄.၄  ရာခိုင် နှုန်း အထိ မျှော်မှန်းထားပြီး ယင်းသည်၂၀၂၅ ဘဏ္ဍာရေးနှစ် ခန့်မှန်းချက် ၄.၉ ရာခိုင်နှုန်းထက် ပိုမိုလျော့နည်းသည်ကို တွေ့ရှိရသည်။

အိန္ဒိယနိုင်ငံ၏ ကုန်စည်ကုန်သွယ်မှုသည် ၂၀၂၆ ဘဏ္ဍာနှစ်တွင် လိုငွေအမေရိကန်ဒေါ်လာ ၃၀၈ ဘီလီယံ၊  ၂၀၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၇၇.၄ ဘီလီယံ၊ ၂၀၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၄၄.၉ ဘီလီယံ အသီးသီးရှိမည်ဟု Ind-Ra က ခန့်မှန်း ထားကြောင်း သိရှိရ သည်။

 

Source: India economy to grow 6.6 pc in FY26: Ind-Ra, The Economic Times, 18 December, 2024.

စီးပွားရေးသံမှူး၊ နယူးဒေလီမြို့

Category: International News