Local News

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ရက် ၉၀ ဆန် ၂၄ ပြည်ဝင်အိတ်ရေ ၇၃၀၀၀ ထိ တင်ပို့ရောင်းချခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ရက် ၉၀ ဆန် ၂၄ ပြည်ဝင်အိတ် ရေ ၇၃၀၀၀ ထိ တင်ပို့ရောင်းချခဲ့ကြောင်း ဘိုကလေးမြို့နယ်မှ ဆန်၊ စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြတ်စုက ပြောပြသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ရက် ၉၀ ဆန် ၂၄ ပြည်ဝင်အိတ်ရေ ၅၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ ရက် ၉၀ ဆန် ၂၄ ပြည်ဝင် အိတ်ရေ ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ရန်ကုန်ဈေးကွက်ကို နိုဝင်ဘာလအတွင်းက  ရက် ၉၀ ဆန် ၂၄ ပြည်ဝင် အိတ်ရေ ၇၃၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ဧရာဝတီတိုင်းဒေသကြီးက ဆန်တွေကို ပြည်တွင်းဆန်ဈေးကွက်က အဝယ်လိုက်နေပါတယ်။ လက်ရှိဒေသထွက် မိုးစပါးလက်ကျန်အဟောင်းတွေကို ဝယ်ယူကြိတ်ခွဲပြီး ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေပါတယ်။ ရန်ကုန်ဈေးကွက်က လက်ရှိလဲ ဆန်တွေ အဝယ်လိုက်နေပါတယ်” ဟု ဘိုကလေးမြို့နယ်မှ ဆန်၊ စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြတ်စုက ပြောပြသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ရက် ၉၀ ဆန် ၂၄ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၁၁၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ဆန်များကို အဆက်မပြတ်တင်ပို့ရောင်းချနေရခြင်းကြောင့် အရောင်းအဝယ်လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးတောင်သူများ၊ ကုန်တင်ကား အငှားလိုက်သူများ၊ ကုန်တင်ကုန်ချ လုပ်သားများ လုပ်ငန်းအဆင်ပြေပြေလည်ပတ်လျက်ရှိကြောင်း ဘိုကလေးမြို့နယ်မှ ဆန်၊ စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြတ်စုက ပြောပြ၍ သိရှိရသည်။

Source: ရတနာပုံ သတင်းစာ                        

Category: Local News