International News

ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်မှု ၁၅.၁၃ ရာခိုင်နှုန်းတိုးမြင့်လာ

Last Updated:

ဗီယက်နမ်နိုင်ငံ၏ သွင်းကုန်နှင့်ပို့ကုန် စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၇၄၅ ဘီလီယံ ရှိပြီး ယခင်နှစ်ကထက် ၁၅.၃ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ အကောက်ခွန် ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့အထိ ပို့ကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၃၈၄ ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၄.၅ ရာခိုင်နှုန်းနီးပါး တိုးမြင့်လာကာ သွင်းကုန် အမေရိကန်ဒေါ်လာ ၃၆၁ ဘီလီယံနီးပါးရှိပြီး ၁၆.၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖော်ပြထားပါသည်။

ကုန်သွယ်မှုပိုငွေသည် အမေရိကန်ဒေါ်လာ ၂၃.၄ ဘီလီယံရှိပြီး ယခင်နှစ်အလားတူ ကာလထက် အမေရိကန်ဒေါ်လာ ၂၅.၇၁ ဘီလီယံ ကျဆင်းခဲ့ပါသည်။ ပို့ကုန် သွင်းကုန် ဆိုင်ရာ အခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး Le Nhu Quynh က ဒီဇင်ဘာ ၁၀ ရက်တွင် ပို့ကုန် သွင်းကုန် လုပ်ငန်းများမှ နိုင်ငံတော်အခွန်ရငွေသည် ဗီယက်နမ်ဒေါင် ၃၉၇.၈၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၅.၆ ဘီလီယံ) ရှိပြီး နှစ်စဉ် လျာထားချက်၏ ၆.၁ ရာခိုင်နှုန်းကျော်လွန်ပြီး ယခင်နှစ်အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၁၃.၈ ရာခိုင်နှုန်းတိုးလာကြောင်း ဖော်ပြထားပါသည်။

အဆိုပါအခွန်ရငွေအား ဗီယက်နမ်ဒေါင် ၄၂၀ ထရီလီယံအထိ မျှော်မှန်းထားပြီး ရည်မှန်းချက်၏ ၁၁၂ ရာခိုင်နှုန်းရှိပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၃.၉ ရာခိုင်နှုန်း တိုးလာမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ဗီယက်နမ်၏ ပို့ကုန် သွင်းကုန်လုပ်ငန်းများမှ ရငွေနှင့် အခွန်ကောက်ခံရန် ကုန်သွယ်မှု တန်ဖိုးများသည် ၁၅.၄ ရာခိုင်နှုန်းနှင့် ၁၅.၃ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ပါသည်။ ဝင်ငွေ မြင့်မားသောသွင်းကုန်များ တင်သွင်းမှုမြင့်တက်လာခြင်းသည် အခွန်ကောက်ခံမှုကို သိသိသာသာ မြှင့်တင်ပေးမည်ဖြစ်သည်။ ၂၀၂၅ ခုနှစ်အတွက် အမျိုးသားလွှတ်တော်က GDP တိုးတက်မှုနှုန်း ၆.၅ မှ ၇ ရာနိုင်နှုန်းနှင့် ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၅ မှ ၈၀ တို့ကိုအခြေခံ၍ နိုင်ငံတော်ဘတ်ဂျက်ငွေ ဗီယက်နမ်ဒေါင် ၄၁၁ ထရီလီယံ သတ်မှတ်လျာထားကြောင်း သိရှိ ရပါသည်။

 

Source: VN Express International

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)

 

Category: International News