International News

တရုတ်နိုင်ငံ ရှန်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ နိုင်ငံခြားကုန်သွယ်မှုသည် ယွမ် ၄၀၃ ဘီလီယံသို့ စံချိန်တင်ရောက်ရှိခဲ့

Last Updated:

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ နိုင်ငံခြား ကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၄ ခုနှစ် ပထမ ၁၁ လတွင် ယခင်နှစ်ထက် ၂၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယွမ် ၄၀၃.၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၆.၁ ဘီလီယံခန့်) စံချိန်တင် ရောက်ရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များ၏ ပြောကြားချက်အရသိရှိရပါသည်။

ယခုအကြိမ်သည် ဒေသတွင်းနိုင်ငံခြားကုန်သွယ်မှုတန်ဖိုး ယွမ် ဘီလီယံ ၄၀၀ ကျော်လွန် သွားခြင်းဖြစ်‌ကြောင်း၊ ရှန်းကျန်း၏ အာရှအလယ်ပိုင်းငါးနိုင်ငံနှင့် ကုန်သွယ်မှုသည် ယခင်နှစ်ထက် ၆.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ အလားတူကာလအတွက် ဒေသတွင်း စုစုပေါင်း နိုင်ငံခြား ကုန်သွယ်မှု၏ ၆၇.၉ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ အဆိုပါကာလအတွင်း ၎င်း၏အကြီးဆုံးကုန်သွယ်ဖက် နိုင်ငံဖြစ်သည့် ကာဇက်စတန်နှင့် ကုန်သွယ်မှုမှာ ယခင်နှစ်ထက် ၁၇.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

အာဆီယံနိုင်ငံများနှင့် ဒေသတွင်းကုန်သွယ်မှုသည် ယခင်နှစ်ထက် ၂၃၁ ရာခိုင်နှုန်း မြင့်တက် လာခဲ့ပြီး ဖော်ပြပါကာလအတွင်း စုစုပေါင်းကုန်သွယ်မှု၏ ၈ ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း သိရှိရပါ သည်။

ယခင်နှစ်နိုဝင်ဘာလက Urumqi၊ Kashgar နှင့် Horgos စသည့်နယ်မြေများစုစည်း တည်ထောင်ခဲ့သည့် တရုတ်နိုင်ငံ (Xinjiang) ရှေ့ပြေးလွတ်လပ်သောကုန်သွယ်ရေးဇုန်သည် ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်ရေးအတွက် ပံ့ပိုးပေးခဲ့ပြီး ယခုနှစ် ပထမ ၁၁ လအတွင်း ယွမ် ၁၆၂.၉ ဘီလီယံ၊ ဒေသတွင်းကုန်သွယ်မှုပမာဏစုစုပေါင်း၏ ၄၀.၄ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါ သည်။

၎င်း၏ထူးခြားသော ပထဝီဝင် အားသာချက်များ၊ စီးပွားရေးဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ် တိုးတက်မှုများနှင့် စီးပွားရေးလုပ်ငန်းများအတွက် အဓိကထားဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုများ ကြောင့် ရှန်းကျန်းသည် တည်ငြိမ်သော ကုန်သွယ်ရေးတိုးတက်မှုကို ရရှိခဲ့ကြောင်း Urumqi အကောက်ခွန်ဌာန၏ လက်ထောက်အကြီးအကဲ Li Qinghua က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

Source: http://en.people.cn/n3/2024/1221/c90000-20256952.html

စီးပွားရေးသံမှူး

ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ                                                                                                      

Category: International News