International News

ထိုင်းနှင့် လာအိုနိုင်ငံတို့အကြား ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုအတွက် သဘောတူညီချက် စာလွှာ (၄) စောင် လက်မှတ်ရေးထိုးခဲ့

Last Updated:

ထိုင်းနှင့် လာအိုနိုင်ငံတို့အကြား ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုအတွက် နှစ်ဖက် ဝန်ကြီးချုပ်များ တွေ့ဆုံခဲ့ကြပြီး နယ်စပ်လုံခြုံရေး၊ မီးခိုးမြူပြဿနာများ ဖြေရှင်းရေးနှင့် နှစ်နိုင်ငံ ကုန်သွယ်မှုကို ၂၀၂၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံသို့ ရောက်ရှိရေး ကုန်သွယ်ရေး မျှော်မှန်းချက်များကို ပြည့်မီနိုင်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူညီခဲ့ကြကြောင်း သိရှိရပါသည်။

ထိုင်းနှင့် လာအိုနိုင်ငံတို့အကြား သဘောတူညီချက် စာလွှာ (၄) စောင်ကို ထိုင်းနိုင်ငံ အစိုးရအိမ်တော်တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ပထမစာလွှာသည် နှစ်နိုင်ငံ တရားမျှတမှုဝန်ကြီးဌာနတို့ လက်မှတ်ရေးထိုးသည့် တရားမျှတမှုနှင့် ဥပဒေရေးရာ နားလည်မှုစာချွန်လွှာများဖြစ်ကြောင်း၊ ဒုတိယသဘောတူစာချုပ်သည် နှစ်နိုင်ငံ ရထားလမ်းအာဏာပိုင်များအကြား ခရီးသည်တင်ရထားသယ်ယူပို့ဆောင်ရေးအတွက် နည်းပညာဆိုင်ရာဖြစ်ကြောင်း၊ တတိယ သဘောတူစာချုပ်သည် ထိုင်း Mae Fah Luang တက္ကသိုလ်နှင့် လာအို Souphanouvong တက္ကသိုလ်တို့အကြား ပညာရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ဖြစ်ကြောင်း၊ နောက်ဆုံးတစ်ခုမှာ ထိုင်း Joint Standing Committee on Commerce, Industry and Banking နှင့် လာအို ကုန်သည်ကြီးများအသင်းတို့ ရေးထိုးသည့် သဘောတူညီချက်ဖြစ်ကြောင်း သိရှိရပါသည်။

နှစ်နိုင်ငံ ဝန်ကြီးချုပ်တို့က မှောင်ခိုမူးယစ်ဆေးတိုက်ဖျက်မှုကို အရှိန်မြှင့်တင်ရန်၊ လာအိုရှိ ဘိန်းပင်များနေရာတွင် ငွေသားရရှိနိုင်သော သီးနှံများ အစားထိုးစိုက်ပျိုးမှုကို ပိုမိုထောက်ပံ့ပေးရန်နှင့် Call Center လုပ်ငန်းများကို နှိမ်နင်းရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူညီခဲ့ပါကြောင်း၊ နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းခြင်းနှင့်သက်ဆိုင်သည့် သတင်းအချက်များ မျှဝေပေးရန်နှင့် မဲခေါင်ဒေသအတွက် ရေစီမံခန့်ခွဲမှုဆိုင်ရာ တယ်လီမီတာတိုင်းတာခြင်း ကွန်ယက်ချဲ့ထွင်ရန်လည်း ပါဝင်ပါကြောင်း၊ ကုန်သွယ်မှုပမာဏ မျှော်မှန်းချက် အသစ်ကို ၂၀၂၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံသို့ ရောက်ရှိရန်သဘောတူ ညီခဲ့ပါကြောင်း၊ လာအိုနိုင်ငံ၏ ဆေးပညာ နှင့် ပြည်သူ့ကျန်းမာရေးနယ်ပယ်အတွက် ပညာသင်ဆုအသစ် ၇၅ ခုကျော် ပေးအပ်ရန် သဘောတူညီခဲ့ကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News