International News

အမေရိကန်သမ္မတ၏ တင်သွင်းမော်တော်ကားများပေါ် ကောက်ခံမည့် အခွန်နှုန်းထားကြောင့် Hyundai Motor Thailand ၏ ထုတ်လုပ်မှုအစီအစဉ်ကို ပြန်လည်သုံးသပ်သွားရန်ရှိ

Last Updated:

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မော်တော်ကားသွင်းကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမည့် အစီအစဉ်ကြောင့် ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်မော်တော်ကား ထုတ်လုပ်မှု အစီအစဉ်များအပေါ် သက်ရောက်လာနိုင်ကြောင်း ကိုရီးယား Hyundai Motor အုပ်စု၏ လက်ခွဲဖြစ်သူ Hyundai Motor Thailand က ပြောကြားခဲ့ပါသည်။

လျှပ်စစ်မော်တော်ကား ထုတ်လုပ်သူများက ထုတ်လုပ်မှုအစီအစဉ်များကို ပြန်လည်သုံးသပ် လာနိုင်ပြီး အမေရိကန်တွင် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆောင်ရွက်လာနိုင်ကြောင်း၊ တရုတ်လျှပ်စစ်မော် တော်ကား ထုတ်လုပ်သူများကလည်း ထိုင်းနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုကို ချိန်ညှိလာနိုင်ပြီး လယ်ဝဲမောင်း ယာဉ်များ ထုတ်လုပ်မှုကို တိုးချဲ့လာနိုင်ကြောင်း၊ ထိုင်းနိုင်ငံတွင် မော်တော်ကားထုတ်လုပ်သူများသည် လက်ယာမောင်းယာဉ်များကိုသာ အများစုထုတ်လုပ်ပါကြောင်း၊ တရုတ်လျှပ်စစ်မော်တော်ကား ထုတ်လုပ်သူများသည် ဥရောပနှင့် အမေရိကန်သို့ တင်ပို့ရန် လက်ဝဲမောင်းယာဉ်များကို တရုတ်နိုင်ငံတွင် ထုတ်လုပ်လျက်ရှိပါကြောင်း၊ အမေရိကန်ကသာ အခွန်အသစ်ကို ကောက်ခံမည်ဆိုပါက ၎င်းတို့အနေဖြင့် ထိုင်းနိုင်ငံရှိ ထုတ်လုပ်မှုအစီအစဉ်များကို ပြန်လည်သုံးသပ်ရန် လိုအပ်မည်ဖြစ်ကြောင်း Hyundai Motor Thailand မန်နေးဂျင်းဒါရိုက်တာ Mr. Wallop Chalermvongsavej က သုံးသပ်ပြောကြားခဲ့သည်။

ထရမ့်က မော်တော်ယာဉ်အခွန် ၂၅ ရာခိုင်နှုန်းကို အိမ်နီးချင်းနိုင်ငံများသို့ ကောက်ခံလိုကြောင်းနှင့် အခွန်အသစ်စတင်ကောက်ခံမည့် ကာလကို ဧပြီလ ၂ ရက်နေ့တွင် အသေးစိတ်ထုတ်ပြန်သွားမည်ဟု ဖေဖော်ဝါရီ ၁၉ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊ Hyundai သည် မော်တော်ကား တပ်ဆင်သည့် စက်ရုံကို အမေရိကန်နှင့် မက္ကဆီကိုတွင် လည်ပတ်လျက်ရှိ ကြောင်း၊ ထရမ့်၏ ကုန်သွယ်ရေး မူဝါဒကြောင့် မက္ကဆီကိုရှိ ထုတ်လုပ်မှုစက်ရုံအပေါ် သက်ရောက်မှုကို စိုးရိမ်လျက်ရှိကြောင်း၊ ကနဦးတွင် Hyundai သည် ထိုင်းနိုင်ငံရှိ ၎င်း၏ စက်ရုံမှ ၁ နှစ်လျှင် လျှပ်စစ်မော်တော်ကား ဘတ္တရီ အလုံးရေ ၅,၀၀၀ ထုတ်လုပ်ရန် ကြေညာထားသော်လည်း ပြည်တွင်း ရောင်းအား လျော့နည်းသွားပါက ပမာဏကို ပြန်လည်ချိန်ညှိမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၌ မော်တော်ကား ချေးငွေရရှိရန် ခက်ခဲမှုနှင့် အတိုးနှုန်းမြင့်တက်လာသောကြောင့် နိုင်ငံတွင်း ရောင်းအားသည် ယခုနှစ်အတွင်း အစီးရေ ၅၆၀,၀၀၀ မှ ၅၇၀,၀၀၀ ကြား ခန့်မှန်းထားကြောင်း Mr. Wallop က ဖြည့်စွက်ပြောကြားခဲ့သည်။

မော်တော်ကားချေးငွေလျှောက်လွှာ၏ ၆၀ ရာခိုင်နှုန်းသည် ငြင်းပယ်ခံခဲ့ရကြောင်း၊ ၂၀၂၄ ခုနှစ်တွင် နိုင်ငံတွင်း မော်တော်ကားရောင်းချရမှုသည် ၁၄ နှစ်တာကာလအတွင်း အနိမ့်ဆုံးဖြစ်ခဲ့ပြီး အစီးရေ ၅၇၂,၆၇၅ စီးရှိခဲ့ကြောင်း၊ Hyundai မော်တော်ကားရောင်းချရမှုသည် အစီးရေ ၃,၈၀၀ ဖြင့် ၂၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ မော်တော်ကားအမျိုးအစားသစ်မိတ်ဆက်လိုက်ခြင်းကြောင်း ၂၀၂၅ ခုနှစ် တွင် အစီးရေ ၄,၅၀၀ ရောင်းချရမည်ဟု ခန့်မှန်းထားပါကြောင်း၊ ကုမ္ပဏီအနေဖြင့် ပြိုင်ကားပုံစံ လျှပ်စစ်မော်တော်ကား မော်ဒယ်အသစ် New IONIQ 5 N Line ကို မိတ်ဆက်ကြော်ငြာခဲ့ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

 

Category: International News