International News

တရုတ်နိုင်ငံအနေဖြင့် အပြင်အလှန်အခွန်အခများသည် ကုန်သွယ်ရေးကို ထိခိုက်စေနိုင်ကြောင်း မှတ်ချက်ပြု ပြောဆို

Last Updated:

အမေရိကန်ပြည်ထောင်စုအနေဖြင့် ၎င်းတို့ အဆိုပြုထားသည့် အပြန်အလှန် အခွန် စည်းကြပ်မှုများ ချမှတ်လိုက်သည်နှင့် တစ်ပြိုင်နက် နိုင်ငံစုံကုန်သွယ်မှုစနစ်ကို မလွဲမသွေ ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်းနှင့် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်ကို ထိခိုက်စေမည် ဖြစ်ကြောင်း တရုတ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

နိုင်ငံခြားကုန်သွယ်ဖက်တစ်ဦးစီ အတွက် "အပြန်အလှန်အခွန်စည်းကြပ်မှု" (recipro cal tariffs) ကို ကျင့်သုံးရန် သက်ဆိုင်ရာဌာနများအား ညွှန်ကြားသည့် စာချွန်လွှာကို အမေရိကန်သမ္မတ Donald Trump လက်မှတ်ရေးထိုးပြီးနောက် ဝန်ကြီးဌာန၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

နေရာတိုင်းတွင် လူများကို ခြိမ်းခြောက်ရန်အတွက် လက်နက်တစ်ခုအဖြစ် စည်းကြပ် ခွန်ကို အသုံးမပြုရန် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ကို တိုက်တွန်းထားသည်။

 

အမေရိကန်အနေဖြင့် ၎င်း၏ မှားယွင်းသော အလေ့အကျင့်များကို ပြုပြင်သင့်ကြောင်း၊ ပြဿနာဖြေရှင်းရာ၌ တန်းတူညှိနှိုင်းမှုဖြင့် ဖြေရှင်းရန် အခြားနိုင်ငံများနှင့် အတူလုပ်ဆောင် သင့်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

နိုင်ငံတစ်ခုချင်းစီ၏ ကိုယ်ပိုင်အရင်းအမြစ် အထောက်အပံ့နှင့် နှိုင်းယှဉ် အားသာချက် များအပေါ် အခြေခံထားသည့် နိုင်ငံတကာကုန်သွယ်မှုသည် ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို ထိရောက်စွာ မြှင့်တင်ပေးလျက်ရှိပြီး လူများအတွက် သုခချမ်းသာကို မြှင့်တင်ပေးပါကြောင်း၊ အမေရိကန်အနေဖြင့် နိုင်ငံတကာကုန်သွယ်မှုတွင် ဆုံးရှုံးမှုများ ကြုံခဲ့ရပြီးနောက် ကုန်သွယ် ဖက် နိုင်ငံအားလုံးကို အခွန်များ တိုးမြှင့်ပေးဆောင်စေချင်သည်ကို တွေ့ရှိရကြောင်း၊ ယင်းသို့ ဆောင်ရွက်မှုသည် ပုံမှန် နိုင်ငံတကာ စီးပွားရေးနဲ့ ကုန်သွယ်ရေး ဆောင်ရွက်မှုများကို မရေရာ မှုများ ကြီးထားစေကြောင်း၊ နိုင်ငံများစွာက ၎င်းတို့၏ ကန့် ကွက်မှုကို ထုတ်ဖော်ခဲ့ကြကြောင်း ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ He Yadong က ဘေဂျင်းမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါလုပ်ဆောင်မှုသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများကို ချိုးဖောက်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၈၀ အတွင်း နိုင်ငံစုံကုန်သွယ်မှုစနစ်တွင် ဆွေးနွေးညှိနှိုင်းထားသည့် အကျိုးစီးပွား ညီမျှမှုကို လျစ်လျူရှု၍ နိုင်ငံတကာကုန်သွယ်မှုမှ အမေရိကန်နိုင်ငံအတွက် ကာလကြာရှည်စွာ အကျိုးရှိစေမည့် အချက်ဖြစ်ကြောင်း၊ ယင်းသည် သာမှန် တစ်ဖက် သတ်ဝါဒနှင့် အကာအကွယ်ပေးရေးဝါဒဖြစ်ပါကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တရုတ်ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်များ မြင့်မားလာခြင်းသည် တရုတ်နိုင်ငံမှ ကုန်ပစ္စည်း တင်သွင်းခြင်းအတွက် ကုန်ကျစရိတ်များ မြင့်မားလာစေပြီး ယင်းကုန်ကျစရိတ် သည် ထောက်ပံ့ရေး ကွင်းဆက်တစ်လျှောက် ပိုမိုများပြားလာနိုင်ကြောင်း အဆုံးစွန်အားဖြင့် အမေရိကန်စားသုံးသူများသည် အချို့သောထုတ်ကုန်များတွင် ဈေးနှုန်းဖောင်းပွမှုကို ရင်ဆိုင် ရနိုင်ကြောင်း နိုင်ငံတကာကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အကယ်ဒမီ (Chinese Academy of International Trade and Economic Cooperation) မှ သုတေသီ Zhou Mi က ပြောကြားခဲ့သည်။

အလားတူ တရုတ်နိုင်ငံအနေဖြင့် လျှပ်စစ်မော်တော်ကားများဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အပါအဝင် ဥရောပနှင့် စိမ်းလန်းသော စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့သွားရန် မျှော်လင့်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ယင်းသည် တရုတ်နိုင်ငံမှ လျှပ်စစ်ကားများ တင်သွင်းမှုအပေါ် ရေရှည် တန်ပြန်ခွန်များ စည်းကြပ်ရန် ဥရောပကော်မရှင်၏ ဆောင်ရွက်မှုကို ရည်ရွယ်ခြင်း ဖြစ်သည်။

တရုတ်နှင့် ဥရောပတို့သည် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် အားသာချက်များ၊ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုများနှင့်အတူ အရေးကြီးသော စီးပွားရေး နှင့် ကုန်သွယ်ရေး မိတ်ဖက်များဖြစ်ကြသည်။

တရုတ်နိုင်ငံအနေဖြင့် Battery Eclectic Vehicles (BEV) များကို ပစ်မှတ်ထား တန်ပြန်အရေးယူ ဆောင်ရွက်မှုများအပေါ် EU ၏ နောက်ဆုံးစီရင်ချက်ကို ဆန့်ကျင်သည့် အနေဖြင့် နို၀င်ဘာလတွင် WTO သို့ အယူခံဝင်ခဲ့သည်။

 

အရင်းအမြစ်။ http://en.people.cn/n3/2025/0221/c90000-20279887.html

စီးပွားရေးသံမှူး၊တရုတ်နိုင်ငံ၊ ကူမင်းမြို။

Category: International News