International News

ထိုင်းနိုင်ငံအတွင်း၌ ဆားခွန်(ဆိုဒီယမ်ခွန်)ကောက်ခံသွားနိုင်ရေးအတွက် လမ်းပြမြေပုံကို ယစ်မျိုး အခွန်ဦးစီးဌာနက ရေးဆွဲလျက်ရှိ

Last Updated:

အာဟာရဖြစ်စေသော တန်ဖိုးများမပါဝင်သည့် မုန့်အစားအစာများအပေါ်တွင် ဆားခွန် (ဆိုဒီ ယမ်ခွန်) ကောက်ခံနိုင်ရေးအတွက် လမ်းပြမြေပုံကို ဘဏ္ဍာရေးဝန်ကြီးဌာနက ယစ်မျိုး အခွန်ဦးစီး ဌာနက ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ဦးစီးဌာနအနေဖြင့် လမ်းပြမြေပုံအကောင်အထည်ဖော် ဆောင်ရွက်မည့်အပေါ် ပုဂ္ဂလိက ကဏ္ဍမှ ပူးပေါင်းဆောင်ရွက်မည့်သူများနှင့် ဆွေးနွေးလျက်ရှိပါကြောင်း၊ ဆားခွန် စတင်အကောင်အထည်ဖော်ပါက ပုဂ္ဂလိကကဏ္ဍအတွက် ပြောင်းလဲရေးကာလပေးမည်ဖြစ် ကြောင်း၊ သကြားခွန် စတင်မကောက်ခံမီ သင့်လျော်သော အခွန်နှုန်းထားများအတွက် ပုဂ္ဂလိက ကဏ္ဍနှင့် ၅ နှစ်ကြာ ဆွေးနွေးတိုင်ပင်ခဲ့ကြပါကြောင်း၊ သကြားခွန်ကို အဆင့် ၃ ဆင့်ဖြင့် ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများအနေဖြင့် ချိန်ညှိနိုင်ရန် တဖြည်းဖြည်း အခွန်နှုန်း ထားကို တိုးမြှင့်ခဲ့ပါကြောင်း၊ အခွန်ကောက်ခံမှု အခြေခံမှာ ထုတ်ကုန် တစ်ခုချင်းစီတွင် ဆိုဒီယမ်ပမာဏကို အခြေခံပါကြောင်း ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် Ms. Kulaya Tantitemit က ပြောကြားခဲ့သည်။

ပထမအဆင့်ကို အခြားသော အစားအစာများနှင့်နှိုင်းယှဉ်ပါက မရှိမဖြစ်ပုံစံ မဟုတ် သော မုန့်များအပေါ်တွင် ဦးစားပေးသွားမည်ဖြစ်ကြောင်း၊ အရသာမှုန့်များနှင့် အသင့်စား ခေါက်ဆွဲများသည် လက်ရှိအထိ အခွန်အစီအစဉ်တွင် မပါဝင်သေးပါကြောင်း၊ အခွန်အစီအစဉ် တွင် ပါဝင်မည့် ကုန်စည်များမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို လျှော့ချရာတွင် အကူအညီ ပေးမည့် ဘတ္တရီများဖြစ်ကြောင်း၊ အခွန်တည်ဆောက်မှုပုံစံမှာ တစ်ခါသုံးဘတ္တရီ Primary များ သည် အခွန်နှုန်းထားပိုမိုမြင့်မားမည်ဖြစ်ပြီး ပြန်လည်အားသွင်းနိုင်သော Secondary ဘတ္တရီများသည် အခွန်နှုန်းထားနည်းနိုင်ကြောင်း၊ ပေါ့ပြီးစွမ်း ဆောင်ရည်ကောင်းသော ဘတ္တရီများသည် အခွန်နှုန်းထား ပိုမိုနည်းနိုင်ကြောင်း၊ အခွန်ပုံစံအသစ်ကို အစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ အရက်ရောင်းချမှုအပေါ် ကန့်သတ်ချက်ကို ပယ်ဖျက်လိုက် သည့် အစိုးရ၏ မူဝါဒသည် ခရီးသွားကဏ္ဍနှင့် ကုန်ပစ္စည်းတွင် အကျိုးကျေးဇူး ဖြစ်စေမည် ဖြစ် ကြောင်း၊ ၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အခွန်ကောက်ခံရမှု ဦးတည်ချက်မှာ ဘတ် ၆၀၉ ဘီလီယံဖြစ်သော်လည်း ရည်မှန်းချက်အတိုင်း ပြည့်မီရန်မှာ ရုန်းကန်နေရပါကြောင်း ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက် ပြောကြားခဲ့သည်။

Source: www.bangkokpost.com စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News