ထိုင်းနိုင်ငံတစ်ဝှမ်း အရည်အသွေးနိမ့်သော ကုန်ပစ္စည်းများကို ဈေးကွက်အတွင်း စုံစမ်းစစ်ဆေးရန်အတွက် လုပ်ငန်းအဖွဲ့တစ်ခုကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။
အွန်လိုင်းမှ ဝယ်ယူသော တင်သွင်းကုန်များအပေါ် သက်ဆိုင်ရာ ဦးစီးဌာနမှက စိစစ်လျက်ရှိပါကြောင်း၊ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ကိစ္စရပ် ၂၁,၂၂၇ ခုကို အရေးယူဆောင်ရွက်ခဲ့ပါကြောင်း၊ ဖမ်းဆီးရမိသည့် ပစ္စည်းများမှာ ဖြည့်စွက်စာများ၊ အစားအစာများ၊ ဆေးဝါးများ၊ ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ လျှပ်စစ် အသုံးအဆောင်များနှင့် Power bank များဖြစ်ကြောင်း၊ ကာလလတ်နှင့်ကာလရှည် လုပ်ငန်း စဉ်များရေးဆွဲ၍ စုံစမ်းစစ်ဆေးမှုများကို ပြင်းပြင်းထန်ထန်နှင့် အကြိမ်ရေတိုးမြှင့်ဆောင်ရွက် သွားရန် တောင်းဆိုလိုကြောင်း၊ သွင်းကုန်ပစ္စည်းများသည် အရည်အသွေးနိမ့်ပစ္စည်းများဖြစ် နေခြင်းနှင့် နိုင်ငံခြားသားပိုင်ဥပဒေနှင့် သွေဖီနေသော လုပ်ငန်းများကို စုံစမ်းစစ်ဆေးရန် လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းရန် ထိုင်းအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို မြှင့်တင်ရန်နှင့် အရည်အသွေးနိမ့် သွင်းကုန်ပစ္စည်းများကို ဖြေရှင်းရန် ကော်မတီခွဲအစည်း အဝေးတွင် ဒုတိယဝန်ကြီး H.E Mr. Nariptorn Srisunpang က ပြောကြားခဲ့သည်။
အစည်းအဝေးတွင် ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ်က တင်ပြလာသည့် ကုန်စည် စံနှုန်းများနှင့် လုပ်ငန်းများလည်ပတ်ခြင်း၊ ကုန်သွယ်ရေးအစီအမံများ၊ အကောက်ခွန်နှင့် သွင်းကုန်လမ်းကြောင်းများနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းဆိုင်ရာ အဆိုပြုလွှာ အပေါ် ပြန်လည်သုံးသပ်ခဲ့ပါကြောင်း၊ ပြည်တွင်းထုတ်လုပ်သူများကို ထောက်ပံ့ပေးနေစဉ်တွင် ထုတ်ကုန်တံဆိပ်ကပ်ခြင်းဥပဒေများ အသက်ဝင်ရန်နှင့် e-commerce ပလက်ဖောင်းကို ထိန်းချုပ်မှု ဆောင်ရွက်သွားရန် အစိုးရကို အသင်းချုပ်က တိုက်တွန်းလျက်ရှိကြောင်း၊ တင်သွင်းကုန်စည်များအပေါ် ကြီးကြပ်မှုကို ပိုမိုခိုင်မာစေရန် အခွန်နှုန်း ထားများကို ပြန်လည် သုံးသပ်ခြင်းနှင့် အစီအမံများကို ဆောင်ရွက်မှုကို တိုးမြှင့်ရန် အသင်းချုပ်က ထောက်ခံ ပါကြောင်း၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် အစိုးရအနေဖြင့် အခွန်မက်လုံးများ၊ ဝယ်ယူရေးအကျိုးခံစားခွင့်များနှင့် ဈေးကွက်ချဲ့ထွင်ရေး အခွင့်အလမ်းများ ပေးသင့်ကြောင်း အသင်း ချုပ်က ဖြည့်စွက်ပြောကြားထားသည်။
သုံးစွဲသူများ၏ ယုံကြည်ချက်ရရှိစေရန် ပြည်တွင်းထုတ်နှင့် တင်သွင်းလာသော ကလေးအဝတ် အထည်များအပေါ် တံဆိပ်ကပ်ခြင်းကို မဖြစ်မနေဆောင်ရွက်သွားရန် အဆိုပြုထားပါကြောင်း၊ အဆိုပါ ထောက်ခံချက်များကို ကော်မတီအစည်းအဝေးသို့ တင်ပြ သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများအနေဖြင့် တံဆိပ်ကပ်ခြင်းအတွက် လိုအပ်ချက်များ အတွက် ကြိုတင်ပြင်ဆင်သွားရန်ဖြစ်ကြောင်း၊ အွန်လိုင်း ပလက်ဖောင်းများအတွက် ပူးပေါင်း ဆောင်ရွက်ခြင်းသည် အွန်လိုင်းမှရောင်းချသော ပစ္စည်းများအတွက် အရည်အသွေးထိန်းချုပ်မှု ကို တိုးတက်စေကြောင်း ဒုတိယဝန်ကြီး Mr. Nariptorn က သုံးသပ် ပြောကြားသည်။
Source: www.bangkokpost.com စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။