International News

ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနမှ Kadiwa Store များကို မြို့တော်မနီလာပြင်ပများထိ ဖွင့်လှစ်သွားရန် မျှော်မှန်း

Last Updated:

ဖိလစ်ပိုင်နိုင်ငံသားများ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ ရရှိစေရန်ရည်ရွယ်ပြီး ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည့် Kadiwa Store များကို နိုင်ငံတစ်ဝှမ်းလုံးတွင် လက်ရှိဆိုင်ခွဲပေါင်း ၁၀၈ ခု ဖွင့်လှစ်ထားရှိခဲ့ပြီး ၂၀၂၄ ခုနှစ် နှစ်အကုန်အထိ ၁၇၉ ဆိုင်အထိ တိုးချဲ့ဖွင့် လှစ်သွားနိုင်ရန် ရည်မှန်းထားပါသည်။ 2024 Kadiwa Expo ကိုလည်း ၃ ရက်တာ ကျင်းပပြုလုပ်ခဲ့ပြီး  ပြည်တွင်းရှိ တောင်သူများနှင့် ငါးဖမ်းလုပ်သားများဝင်ငွေ မြင့်မားလာစေရန်နှင့် ပြည်တွင်းစားသုံးသူ များအနေဖြင့် အရည်အသွေးကောင်းမွန်သော ပစ္စည်းများအား သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့်ဝယ်ယူ ရရှိစေရန် ရည်ရွယ်ပါကြောင်း ဖော်ပြပါရှိပါသည်။

လက်ရှိ Kadiwa Store အများစုမှာ မြို့တော်မနီလာတွင် အများဆုံးဖွင့်လှစ်ထားခြင်းဖြစ်ပါပြီး ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနလက်အောက်ခံ National Irrigation Administration  မှ ကြီးကြပ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လတ်တလော Kadiwa Store များတွင် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်း  မျာလက်ကျန်ပြတ်လပ်မှုများရှိနေပြီး အဓိကကုန်ပစ္စည်းမှာ ဆန်ဖြစ်ပါကြောင်း၊ သယ်ယူပို့ဆောင်ရေး ဆိုင်ရာ အခက်အခဲများလည်း ကြုံတွေ့နေရပြီး သင်္ဘောတင်ပို့ဆောင်ရသည့် စိုက်ပျိုးရေးထွက်ကုန် ပစ္စည်းများအတွက် ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့် သယ်ယူပို့ဆောင်ရေး အစီအစဉ် များကို ရေးဆွဲထားပါကြောင်းနှင့် အခြားသော စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများကိုလည်း ထပ်တိုး ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Kadiwa Store များတွင် ရောင်းချသော စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများသည် ပြင်ပဈေးကွက်ပေါက်ဈေးထက် ၂၀% မှ ၃၀% အထိ သက်သာပါကြောင်းနှင့် ပြည်တွင်းဈေးကွက်ကို တိုက်ရိုက်ယှဉ်ပြိုင်ရောင်းချခြင်းမျိုးဖြစ်စေရန်ရည်ရွယ်ခြင်းမဟုတ်ကြောင်း၊ဈေးကွက်ပေါက်ဈေးသည် တခါတရံတွင် အလွန်မြင့်မားလေ့ရှိသဖြင့် ရည်ညွှန်းဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်နိုင်သည့် နည်းလမ်း တစ်ခုလည်း ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် ဈေးကွက်အတွင်းရှိ လက်လီဈေးနှုန်းအား Check and Balance လုပ်နိုင်သည့် နည်းလမ်းကောင်းတစ်ခုလည်းဖြစ်စေပါကြောင်း စိုက်ပျိုးရေးလက်ထောက် အတွင်းဝန်မှ ပြောကြားခဲ့ပါသည်။

 

စီးပွားရေးသံမှူး၊ မနီလာမြို့။

Category: International News