International News

၂၀၂၄ ခုနှစ်တွင် ရုရှားဓာတ်မြေဩဇာတင်ပို့မှု တန်ချိန် သန်း ၄၀ ရှိမည်

Last Updated:

၂၀၂၄ ခုနှစ်တွင် ရုရှားသည် နိုင်ငံအသီးသီးသို့ ဓာတ်သတ္တုမြေဩဇာ တန်ချိန် ၄၀ သန်းခန့်ကို ထောက်ပံ့ပေးခဲ့ပြီး ယင်းပမာဏသည် စံချိန်တင်အမြင့်ဆုံးဖြစ်ကြောင်း၊ ယင်းပမာဏအနက် လေးပုံသုံးပုံခန့်သည် ဖော်ရွေသောမိတ်ဖက်နိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း၊ ရုရှားဓာတ်မြေဩဇာ စုစုပေါင်းထုတ်လုပ်မှုပမာဏ၏ ၇၅ ရာခိုင်နှုန်းခန့်ကို ပြည်ပသို့ တင်ပို့ နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ ရုရှားဓာတ်မြေသြဇာတင်ပို့မှုသည် အာရှဈေးကွက်သို့ အများဆုံးတင်ပို့ခဲ့ပြီး ၆၀ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်။ အာဖရိကနိုင်ငံများသို့ တင်ပို့မှုသည် ၁၈ ရာခိုင်နှုန်း တိုးတက်လာပြီး လက်တင်အမေရိကန်သို့ တင်ပို့မှုသည် ၂၀ ရာခိုင်နှုန်းခန့် တိုးလာခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံ၏ ဓာတ်မြေသြဇာထုတ်လုပ်မှုသည် မက်ထရစ်တန်ချိန် ၅၉.၃ သန်း ထုတ်လုပ်နိုင်ခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၆၄ သန်းခန့်အထိ တိုးမြှင့် ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားပြီး နိုင်ငံတကာဈေးကွက်သို့ တင်ပို့မှုလည်း တိုးတက်လာ မည်ဟု အစောပိုင်းတွင်  Mr. Andrei Guryev က ခန့်မှန်းခဲ့သည်။

 ၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံမှ ဓာတ်မြေဩဇာ အဓိကတင်ပို့သော နိုင်ငံများမှာ ဘရာဇီး၊ အိန္ဒိယ၊ အမေရိကန်၊ တရုတ်၊ မက္ကဆီကို၊ အင်ဒိုနီးရှား၊ တူကီယဲ၊ ပြင်သစ်၊ ဂျာမနီ၊ မလေးရှား စသည့်နိုင်ငံများကြောင်း သိရသည်။

 

Source :       https://www.interfax.ru/business/999384

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

 

Category: International News