International News

ကုန်သွယ်ရေးပဋိပက္ခများရှိနေသော်လည်း ဂျပန်နိုင်ငံက ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့သွားရန် စိတ်ဝင်စားမှုရှိနေ

Last Updated:

ကုမ္ပဏီအချို့၏ ထုတ်လုပ်မှုစက်ရုံများ ပြန်လည်နေရာချထားမည့် အစီအစဉ်များကို စဉ်းစားစေသော အမေရိကန်-တရုတ်ကုန်သွယ်ရေး ပဋိပက္ခ၏ သက်ရောက်မှုအပေါ် စိုးရိမ်မှု များ ရှိနေသော်လည်း ထိုင်းနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့သွားရန် ဂျပန်လုပ်ငန်းရှင်များက စိတ်ဝင်စားမှုရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့က ထုတ်ဖော်ပြောကြားချက်အရ သိရှိရပါ သည်။

မော်တော်ကားနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းကဏ္ဍများမှသည် အဖျော်ယမကာလုပ်ငန်း အထိ ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းထားကြောင်း၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပခဲ့သည့် Roadshow တွင် ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ တာဝန်ရှိ သူများသည် ရေနံဓာတု၊ ပလတ်စတစ်၊ အစားအစာ၊ ဒီဂျစ်တယ်နည်းပညာနှင့် ထောက်ပံ့ပို့ ဆောင်ရေးအပါအဝင် စက်ရုံများစွာမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့ကြောင်း၊ အချို့မှာ ကုန်သွယ်ရေး ပဋိပက္ခသက်ရောက်မှုကို ရှောင်ရှားရန် တရုတ်နိုင်ငံမှ အပြင်သို့ ထွက်လိုကြ ကြောင်း၊ Isuzu Motors သည် ထိုင်းနိုင်ငံရှိ ၎င်း၏ စက်ရုံမှ အစပထမတွင် ပို့ကုန်အတွက် လျှပ်စစ်ပစ်ကပ်ကားထုတ်လုပ်ရန် စီစဉ်လျက်ရှိပါကြောင်း၊ ကုမ္ပဏီမှ ယခုနှစ်အတွင်း နော်ဝေသို့ ဘက်ထရီပစ်ကပ်ကားများ တင်ပို့ရန် စီစဉ်ထားကြောင်း ဘုတ်အဖွဲ့ အထွေ ထွေအတွင်းရေးမှူးချုပ် Mr. Narit Therdsteerasukdi က ပြောကြားခဲ့သည်။

Isuzu သည် အတွင်းပိုင်းလောင်ကျွမ်းအင်ဂျင်မှ လျှပ်စစ်မော်တော်ကားထုတ်လုပ် သည့် နည်းပညာသို့ပြောင်းလဲနေပါကြောင်း၊ အခြားသော မော်တော်ကားထုတ်လုပ်သူများက လည်း ထိုင်းနိုင်ငံရှိ ၎င်းတို့ ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်ဆောင်ရွက်သွားလိုကြောင်း၊ Mitsubishi Motors က နှစ်မျိုးသုံးလျှပ်စစ်မော်တော်ကားပုံစံသစ်ကို ကြော်ငြာရန် ဆောင်ရွက် လျက်ရှိပြီး ဒုတိယနှစ်ဝက်တွင် ဘက်ထရီ လျှပ်စစ်မော်တော်ကား ထုတ်လုပ်သွား မည်ဖြစ်ကြောင်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းကဏ္ဍ တွင် Toshiba Electronic Device နှင့် Storage၊ Minebea-Mitsumi နှင့် Rapidus တို့ကလည်း ထိုင်းနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို စိတ်ဝင်စားလျက်ရှိပါကြောင်း၊ Suntory Group ကလည်း ကျန်းမာရေးနှင့် ဆိုင်သည့် အဖျော်ယမကာနှင့် ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေသည် ထုပ်ပိုးမှုပုံစံကို ဦးစား ပေး၍ ရင်းနှီးမြှုပ်နှံမှုကို တိုးချဲ့လိုကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် အစိမ်းရောင်ထုတ်ကုန်များကို ၁၀၀ ရာခိုင်နှုန်းကို သုံးစွဲရန် ရည်မှန်းထားကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News