International News

ထိုင်းနိုင်ငံ၌ စပါးစိုက်တောင်သူများအတွက် အထောက်အပံ့ပေးမည့် အဆိုပြုလွှာကို နိုင်ငံအဆင့် ဆန် စပါးမူဝါဒနှင့် စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြနိုင်ရေး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံရှိ ရာသီပြင်ပစိုက်ပျိုးသည့် စပါးစိုက်တောင်သူများကို ထောက်ပံ့ပေးမည့် အစီအမံများကို နိုင်ငံအဆင့် ဆန်စပါးမူဝါဒနှင့် စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြနိုင်ရေး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါ သည်။

 စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးသည် ရာသီချိန်ပြင်ပ စပါးဈေးကို ၁ တန် လျှင် ဘတ် ၁၀,၀၀၀ ဈေးအာမခံပေးရန် တောင်းဆိုသော အယုဒ္ဓယရှိ တောင်သူအဖွဲ့နှင့် တွေ့ဆုံခဲ့ပါကြောင်း၊ သို့သော် ဆွေးနွေးမှုသည် သဘောတူညီမှုမရရှိခဲ့ဘဲ တောင်သူများ ကလည်း လိုအားချက်ကို အလျှော့မပေးခဲ့ပါကြောင်း၊ အစိုးရသည် တောင်သူများ၏ လိုလား ချက်ကို ဖြေရှင်းပေးမည်ဖြစ်ပြီး အဖြေအတွက်ဆောင်ရွက်နေပါကြောင်း၊ အစိုးရသည် ယခင် က ရာသီချိန်ပြင်ပဆန်စပါးများအတွက် တိုက်ရိုက်မထောက်ပံ့သော်လည်း ထပ်လောင်း အစီအမံများ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းတွင် တောင်သူများကို ၁ တန်လျှင် ဘတ် ၁,၀၀၀ ထပ်ဆောင်း ပေးခြင်းဖြင့် စပါးဈေးကို အထောက်အပံ့ပေးပြီး ကိုယ်ပိုင် သိုလှောင်သည့်ကန်ဖြင့် သိုလှောင်ပါက ၁ တန်လျှင် ဘတ် ၁,၅၀၀ ထိ တိုးပေးပါကြောင်း၊ အဆိုပြုလွှာကို ခွင့်ပြုချက်ရရှိနိုင်ရေး ကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ တောင်သူ အသင်းများက တောင်းဆိုချက်ဖြစ်သည့် ဈေးနှုန်းအာမခံမူဝါဒ ပြန်လည်ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ယခင်ဝန်ကြီးချုပ် Mr. Srettha Thavisin အစိုးရလက်ထက် အစိုးရအဖွဲ့၏ ခွင့်ပြုချက်အရ စပါးဈေးနှုန်းအာမခံမူဝါဒဖြစ်သော ၁ တန်လျှင် ဘတ် ၁၀,၀၀၀ ကို တားမြစ် ထားသဖြင့် မူဝါဒမပြောင်းလဲသည့်ကာလအထိ အကျုံးဝင်ပါကြောင်း ဝန်ကြီး H.E Mr. Pichai Naripthaphan က ပြောကြားခဲ့သည်။

ယခုအစီအစဉ်သည် ရာသီချိန်ပြင်ပစပါးအတွက် အစိုးရ၏ ပထမဆုံးအကြိမ်ဖြစ် ကြောင်း၊ စိုထိုင်းမှု ၁၅ ရာခိုင်နှုန်းပါဝင်သော စပါး ၁ တန်လျှင် ဈေးကွက်တန်ဖိုးသည် ဘတ် ၈,၅၀၀ ဖြစ်ပြီး ထပ်လောင်းသိုလှောင်မှုအထောက်အပံ့များပါဝင်ပါက ဘတ် ၉,၅၀၀ ထိ မျှော်မှန်းနိုင်ကြောင်း၊ တောင်သူများ၏ ဝန်ထုပ်ဝန်ပိုးကို လျော့နည်းစေလိုသော ရည်ရွယ်ချက် ဖြင့် ဈေးကွက်တန်ဖိုးထက် ဘတ် ၅၀၀ ပိုမိုပေး၍ ဝယ်ယူမည့် နေရာများဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ပြည်တွင်း ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Wittayakorn Maneenetr က ဖြည့်စွက်ပြောကြားခဲ့သည်။         

Source: www.bangkokpost.com စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News