တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၅ ခုနှစ်တွင် ၁.၅ ရာခိုင်နှုန်း သာရှိနိုင်သည်ဟု တောင်ကိုရီးယားနိုင်ငံဗဟိုဘဏ် (Bank of Korea- BOK) က ၂၅-၂-၂၀၂၅ ရက် နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ခန့်မှန်းထားခဲ့သည့် စီး ပွားရေးတိုးတက်မှုနှုန်းမှာ ၁.၉ ရာခိုင်နှုန်း ဖြစ်ပါသည်။
ပြည်တွင်းနိုင်ငံရေးပြဿနာနှင့်အတူ အမေရိကန်ပြည်ထောင်စုသမ္မတထရမ့်၏ သွင်း ကုန်ခွန်စည်းကြပ်မှုမူဝါဒများကြောင့် စားသုံးသူသုံးစွဲမှုနှုန်းနှင့် ပို့ကုန်တင်ပို့မှုတိုးတက်နှုန်း နာလန် ထူလာမှု အခြေအနေသည် မျှော်လင့်ထားသည်ထက် နှေးကွေးလျက်ရှိပါသည်။ ယင်းသို့သော အခြေအနေများကြောင့် BOK က ပြည်တွင်းအတိုးနှုန်းကို ၃ ရာခိုင်နှုန်းသတ်မှတ်ထားရာမှ ၂.၇၅ ရာခိုင်နှုန်းသို့ ၂၅-၂-၂၀၂၅ ရက်နေ့တွင် လျှော့ချပေးခဲ့ပါသည်။ ယင်းသို့ အတိုးနှုန်းလျှော့ချပေးမှု သည် နိုင်ငံအနေဖြင့်ကြုံတွေ့နေရသော အထက်ဖော်ပြပါ စီးပွားရေးဆိုင်ရာအားနည်းချက်များကို လျော့ပါးစေမည်ဖြစ်သည်ဟု BOK ဥက္ကဋ္ဌ Mr. Rhee Chang-yong က ပြောကြားခဲ့ပါသည်။
အမေရိကန်ပြည်ထောင်စုသမ္မတထရမ့်က စတီးလ်ပစ္စည်းများ၊ အလူမီနီယံနှင့် ကားများ တင်သွင်းမှုအပေါ် သွင်းကုန်စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းကောက်ခံသွားမည်ဟု ကြေညာခဲ့ပါ ကြောင်း၊ ယင်းသို့ သွင်းကုန်ခွန်တိုးမြှင့်ခြင်းသည် တရုတ်နိုင်ငံ၏ကုန်စည်များအပေါ် ၂၀၂၅ ခုနှစ်၊ ဒုတိယသုံးလပတ်မှ စတင်ကောက်ခံနိုင်ပြီး အခြားသောနိုင်ငံများမှ တင်သွင်းကုန်များအပေါ် ၂၀၂၆ ခုနှစ်မှသာ ကောက်ခံမည်ဟု BOK က ခန့်မှန်းထားခဲ့ပါကြောင်း၊ သို့သော် အဆိုပါသွင်းကုန်စည်း ကြပ်ခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမှုအစီအစဉ်သည် ကိုရီးယားနိုင်ငံအတွက်လည်း ၁၂-၃-၂၀၂၅ ရက် နေ့မှစတင်၍ အသက်ဝင်မည်ဖြစ်ပါကြောင်း BOK ဥက္ကဋ္ဌက ပြောကြားခဲ့ပါသည်။
လက်ရှိ ကမ္ဘာ့စီးပွားရေးတိုးတက်နှုန်း ဆက်လက်ကျဆင်းနေသည့်အတွက် တောင်ကိုရီး ယားနိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်း လျော့နည်းလာမှုသည်လည်း ရှောင်လွှဲ၍မရနိုင်ပါကြောင်း၊ တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းသည် အစဉ်အမြဲမြင့်မားနေခဲ့သည့်အတွက် ၂၀၂၅ ခုနှစ်တွင် ၁.၈ ရာခိုင်နှုန်းသာ တိုးတက်မည်ဆိုသည့်ခန့်မှန်းချက်သည် လက်ခံနိုင်ဖွယ်မဟုတ်သည့် နှုန်းထား ဖြစ်နေပါကြောင်း၊ သို့သော်လည်း နိုင်ငံ၏အမှန်တကယ်စွမ်းဆောင်နိုင်ရည်ကို သိရှိနား လည် လက်ခံရမည်သာဖြစ်ပါကြောင်း BOK ဥက္ကဋ္ဌ Mr. Rhee Chang-yong က ပြောကြားခဲ့ပါ သည်။
Source: https://www.koreatimes.co.kr/www/biz/2025/02/175_392971.html
စီးပွားရေးသံမှူး၊ ဆိုးလ်မြို့။