တောင်ကိုရီးယားနိုင်ငံပြည်တွင်း လူတစ်ဦချင်းဆန်စားသုံးမှုနှုန်းသည် ၂၀၂၄ ခုနှစ်အတွင်း မှတ်တမ်းတင်ဖွယ်ကျဆင်းခဲ့သည်ဟု ကိုရီးယားစာရင်းအင်းဌာန (Statistics Korea) က ထုတ်ပြန် ခဲ့ပါသည်။ ၂၀၂၄ ခုနှစ်အတွင်း လူတစ်ဦးလျှင် ဆန် ၅၅.၈ ကီလိုဂရမ်သာ စားသုံးခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်ကထက် ၀.၆ ကီလိုဂရမ် (၁.၁ ရာခိုင်နှုန်း) စားသုံးမှု လျော့နည်းခဲ့ပါကြောင်း၊ ၁၉၉၄ ခုနှစ်က တစ်ဦးလျှင် ၁၂၀.၅ ကီလိုဂရမ်အထိ စားသုံးခဲ့ကြောင်း Statistics Korea ၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
ယင်းသို့ဆန်စားသုံးမှုကျဆင်းခြင်းသည် Statistics Korea က စတင်စာရင်းကောက်ယူ ခဲ့သည့် ၁၉၆၂ ခုနှစ်မှစတင်၍ ဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ်ပါကြောင်း၊ အိမ်ထောင်စုများ၏ ဆန် စားသုံးမှုကျဆင်းသော်လည်း စားသောက်ကုန်နှင့် အဖျော်ယမကာ ထုတ်လုပ်မှုလုပ်ငန်းများတွင် ဆန်ကိုအသုံးပြုမှုမြင့်မားလာကြောင်း၊ အထူးသဖြင့် အရက်ဈေးကွက်တွင် အသုံးပြုမှု ပိုမိုမြင့်မား လာကြောင်း၊ ၂၀၂၄ ခုနှစ်တွင် စားသောက်ကုန်နှင့် အဖျော်ယမကာ ထုတ်လုပ်မှုလုပ်ငန်းများမှ ဆန်တန်ချိန်စုစုပေါင်း ၈၇၃,၃၆၃ တန် သုံးစွဲခဲ့ရာ ၂၀၂၃ ခုနှစ်ကထက် ၆.၉ ရာခိုင်နှုန်း မြင့်မားခဲ့ ကြောင်း၊ အဆိုပါဆန်တန်ချိန်များတွင် အရက်ချက်လုပ်ငန်းမှ သုံးစွဲမှုပမာဏမှာ ၂၂၈,၅၃၅ တန် (၂၆.၂ ရာခိုင်နှုန်း) ရှိပါကြောင်း၊ သို့ဖြစ်၍ ၂၀၂၃ ခုနှစ်က သုံးစွဲမှုပမာဏဖြစ်သည့် ၁၉၇,၁၀၂ တန် ထက် ၁၆ ရာခိုင်နှုန်း ပိုမိုခဲ့ပါကြောင်း အစီရင်ခံစာတွင်ဖော်ပြထားပါသည်။
Source: https://www.koreaherald.com/article/10406939
စီးပွားရေးသံမှူး၊ ဆိုးလ်မြို့။