Microsoft ကုမ္ပဏီက အဆင့်မြင့်နည်းပညာသုံး Artificial Intelligence Chips (AI Chips) ရောင်းချမှုကို ကန့်သတ်သည့် စနစ်သစ်ကို ရိုးရှင်းလွယ်ကူစွာဆောင်ရွက်ရန်နှင့် ဖြေလျော့ပေး ရန် တောင်းဆိုခဲ့ကြောင်း Wall Street Journal အွန်လိုင်းသတင်း၌ ဖော်ပြခဲ့ပါသည်။
Microsoft ကုမ္ပဏီက ကမ္ဘာတစ်ဝှမ်းရှိ ၎င်း၏ Data centers ၌ AI Models များကို လေ့ကျင့်သင်ကြားရာတွင်အသုံးပြုသည့် Chips ပို့ကုန်ကန့်သတ်ချက်များကို ဖြေလျော့ပေးရန် တောင်းဆိုခဲ့ပြီး ယင်းသို့ဖြေလျော့ပေးခြင်းဖြင့် အမေရိကန်နိုင်ငံ၏ မဟာမိတ်နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ဆွစ်ဇာလန်နှင့် အစ္စရေးနိုင်ငံများအပေါ် သက်ရောက်မှုရှိတော့မည်မဟုတ်ကြောင်း၊ အကယ်၍ ပို့ကုန်ထိန်းချုပ်မှုကို ဆက်လက်တင်းကျပ်ပါက အမေရိကန်နိုင်ငံမှ Chip ဝယ်ယူ၍ မရသဖြင့် ၎င်းတို့လိုအပ်သည့် နည်းပညာများကို တရုတ်နိုင်ငံထံမှ ရယူလာနိုင်ကြောင်း၊ တရုတ် နိုင်ငံသည် ကာလရှည် AI Infrastructure အတွက် အမေရိကန်ထက်ပို၍ ကောင်းမွန် သည့်မိတ်ဖက်နိုင်ငံဖြစ်ကြောင်း အဆိုပြုစည်းမျဉ်းများထုတ်ပြန်ကာ ယင်းနိုင်ငံများသို့ ချဉ်းကပ် ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံဘက်မှ ဤသို့ဆောင်ရွက်ခြင်းသည် အမေရိကန် စီးပွားရေးလုပ်ငန်းများနှင့် အမေရိကန်နိုင်ငံခြားရေးမူဝါဒအတွက် ကောင်းမွန်သည့် ရလဒ်တစ်ခု မဖြစ်လာနိုင်ကြောင်း၊ ယခင်သမ္မတဂျိုးဘိုင်ဒင်လက်ထက်တွင် တရုတ်နိုင်ငံ၏ AI စွမ်းဆောင် ရည်ကို ကန့်သတ်ရန်အတွက် Chip ပို့ကုန်ထိန်းချုပ်မှုစည်းမျဉ်းကို အဆိုပြုခဲ့ရာ သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ယင်းအဆိုပြုစည်းမျဉ်းနှင့်ပတ်သက်၍ မည်သို့ရှေ့ဆက်ဆောင်ရွက်ရန် ဆုံးဖြတ်ချက်မချမီ AI နှင့်ပတ်သက်သည့် ကုမ္ပဏီများထံမှ အကြံပြုချက်များတောင်းခံလျက် သုံးသပ်မှု ပြုလုပ်လျက်ရှိကြောင်း၊ ထို့အပြင် သမ္မတဒေါ်နယ်ထရမ့်၏ အရာရှိများက ပို့ကုန် ထိန်းချုပ်မှုစည်းမျဉ်းများကို ရိုးရှင်းလွယ်ကူအောင်ပြုလုပ်ခြင်းဖြင့် ကန့်သတ်မှုတိုးမြှင့်ရန်လည်း ချိန်ဆလျက်ရှိကြောင်း သိရှိရပါသည်။
သို့ဖြစ်ပါ၍ တရုတ်သွင်းကုန်များအပေါ် သွင်းကုန်ခွန်ထပ်မံကောက်ခံမည့်ကိစ္စနှင့် AI Chip ပို့ကုန်ထိန်းချုပ်ရေးဆိုင်ရာသတင်းများနှင့်ပတ်သက်သည့် သမ္မတ၏လူမှုကွန်ရက်၌ ဖော်ပြချက်များနှင့် သတင်းဆောင်းပါးမိတ္တူကို ပူးတွဲလျက် သိသာနိုင်ပါရန် တင်ပြအပ်ပါ သည်။
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ