အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဥရောပသမဂ္ဂအပေါ် သွင်းကုန်ခွန် (၂၅) ရာခိုင် နှုန်း ကောက်ခံရန် မကြာမီထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၂၆-၂-၂၀၂၅ ရက်၌ ပထမ အကြိမ် ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ ပါသည်။ ဥရောပသမဂ္ဂအား သွင်းကုန်ခွန်ကောက်ခံမည့်ကိစ္စရပ်သည် သီးခြားကိစ္စရပ်ဖြစ်ပြီး ကနေဒါ အပါအဝင် အခြားနိုင်ငံများနှင့်တူညီမည်မဟုတ်ကြောင်း၊ အမေရိကန်နိုင်ငံမှ မော်တော်ယာဉ်နှင့် စိုက်ပျိုးရေးထုတ်ကုန်များကို ဥရောပသမဂ္ဂနိုင်ငံများသို့ တင်သွင်းခွင့်မရရှိ ကြောင်း၊ သို့ရာတွင် အမေရိကန်နိုင်ငံသည် ဥရောပသမဂ္ဂမှ သွင်းကုန်အားလုံးကို လက်ခံတင် သွင်းလျက်ရှိကြောင်း၊ ထို့ကြောင့် အမေရိကန်နိုင်ငံသည် ဥရောပသမဂ္ဂနှင့် ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာ ဘီလီယံ (၃၀၀)ကျော် ကုန်သွယ်မှု လိုငွေပြလျက်ရှိပါကြောင်းဖြင့် ပြော ကြားခဲ့ကြောင်း သိရှိရပါသည်။
(ဇစ်မြစ်။ Wall Street Journal)
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ