International News

“ကြေးနီသွင်းကုန်များကြောင့် အမျိုးသားလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုများကို ဖော်ထုတ်ခြင်း” သမ္မတအမိန့်ထုတ်ပြန်ခဲ့

Last Updated:

ကြေးနီသွင်းကုန်များကြောင့် အမျိုးသားလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုများကို ဖော် ထုတ်ခြင်း  သမ္မတအမိန့် (Executive Order) ကို ၂၅-၂-၂၀၂၅ ရက်တွင် အမေရိကန် သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါသည်။  

အဆိုပါထုတ်ပြန်ချက်တွင် ကြေးနီသတ္တုသည် အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံ ရေး၊ စီးပွားရေးအင်အားနှင့် စက်မှုလုပ်ငန်းများ ခံနိုင်စွမ်းရှိမှုတို့အတွက် အရေးပါသည့် တွင်းထွက်သတ္တု တစ်မျိုးဖြစ်ပြီး ကာကွယ်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းများတွင် အသုံးပြု ခြင်း၊ အခြေခံအဆောက်အအုံနှင့် သန့်စင်သောစွမ်းအင်၊ လျှပ်စစ်မော်တော်ယာဉ်များနှင့် နည်းပညာမြင့်လျှပ်စစ်ပစ္စည်းများ အပါအဝင် ထွန်းသစ်စနည်းပညာများတွင် ကြေးနီ၊ Scrap Copper နှင့် ကြေးနီသုံးကုန်ပစ္စည်းများကို အသုံးပြုလျက်ရှိကြောင်း၊ အမေရိကန်နိုင်ငံသည် ကြေးနီထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်တွင် နိုင်ငံခြားတိုင်းပြည်များကို မှီခိုနေရသဖြင့် အန္တာရာယ်ကျရောက်နိုင်ခြေများကြောင်း၊ ထို့ကြောင့် အမေရိကန်နိုင်ငံတွင်းသို့ ဝင်ရောက် လျက်ရှိသည့် တွင်းထွက်ကုန်ကြမ်းအပါအဝင် သန့်စင်ပြီး ကြေးနီအမျိုးမျိုး အပါအဝင် (Raw mined copper ၊ Copper concentrates ၊ Refined copper ၊ Copper Alloys ၊ Scrap copper နှင့် Derivative products)  ကြေးနီသွင်းကုန်များအားလုံးကို အမျိုးသား လုံခြုံရေး အပေါ် သက်ရောက်မှု ရှိ/မရှိ စုံစမ်းစစ်ဆေးသွားရန်နှင့် ကာကွယ်ရေးသုံးပစ္စည်းများကို ပြည်တွင်းထုတ်လုပ်ရန်၊ နိုင်ငံခြားတိုင်းပြည်များ၏ ဈေးကွက်ယှဉ်ပြိုင်မှုကြောင့် ပြည်တွင်း စက်မှုလုပ်ငန်းများအပေါ် သက်ရောက်မှုကိုပါ ဆန်းစစ်ရန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး အား သမ္မတကညွှန်ကြားကြောင်း ဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ

Category: International News