International News

အမေရိကန်အစိုးရသည် USAID ၏ နိုင်ငံခြားအထောက်အပံ့ (၉၀)ရာခိုင်နှုန်းအား ဖျက်သိမ်းမည်ဖြစ်

Last Updated:

အမေရိကန်အစိုးရသည် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (U.S. Agency for International Development, USAID)၏ နိုင်ငံခြားစာချုပ်များ၏ (၉၀)ရာခိုင်နှုန်းကျော်အား ဖျက်သိမ်းသွားမည်ဖြစ်ကာ ကမ္ဘာအနှံ့ပံ့ပိုးမှုအမေရိကန်ဒေါ်လာ(၆၀)ဘီလီယံလည်း ပါရှိမည် ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး၏ သုံးသပ်မှုများအရ အမေရိကန်နိုင်ငံသည်သာပဓာနမူဝါဒအရ USAID ၏ ဆောင်ရွက်မှု (၉၂)ရာခိုင်နှုန်းအား လျှော့ချသွားမည်ဖြစ်ကာ အမေရိကန်ဒေါ်လာ (၅၄)ဘီလီယံ ပမာဏရှိမည်ဟု Agence France-Presse (AFP) သို့ ပြောကြားခဲ့ကြောင်း၊ အမေရိကန်သမ္မတက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် သမ္မတ အမိန့်လက်မှတ်ရေးထိုး၍ အမေရိကန်နိုင်ငံ၏ ပြည်ပ ထောက်ပံ့မှုများအားလုံးအား ဆိုင်းငံ့ခဲ့ပြီး အစီအစဉ်များကို အမေရိကန် နိုင်ငံသည်သာပဓာန မူဝါဒနှင့် ကိုက်ညီမှုရှိ/မရှိကို သုံးသပ်ရန် ညွှန်ကြားခဲ့ကြောင်း၊ ၂၅-၂-၂၀၂၅ ရက်က အမေရိကန် ခရိုင်တရားသူကြီး Amir Ali က အမေရိကန်အစိုးရအား USAID ၏ ပြည်ပအထောက်အပံ့များ ဆက်လက်ပေးအပ်မှုကို ၂၆-၂-၂၀၂၅ ရက်တွင် အပြီးသတ်ဆောင်ရွက်ရန် အမိန့်ချမှတ်ခဲ့ သော်လည်း ယင်းနေ့ညပိုင်းတွင် တရားရုံးချုပ်က အဆိုပါတရားရုံးအမိန့်ကို ခေတ္တဆိုင်းငံ့ ခဲ့ကြောင်း၊ အမေရိကန်တာဝန်ရှိသူများသည် ပြည်ပအထောက်အပံ့နှင့်စပ်လျဉ်းသည့် အတိုး နှုန်း သက်သာသည့်ချေးငွေ(Grants) (၉,၂၀၀)ကျော်၊ အမေရိကန်ဒေါ်လာ (၁၅.၉)ဘီလီယံ ကျော်အား သုံးသပ်ခဲ့ပြီး ယင်းအနက် Grant (၄,၁၀၀) ကျော်အား ရပ်တန့်ရန်အတွက် ရွေးချယ်ခဲ့ကြောင်း၊ ရပ်တန့်ခြင်းမရှိသည့် အစီအစဉ်များတွင် ကျူးဘား၊ ဗင်နီဇွဲလား၊ လက်ဘနွန်နှင့် ဟေတီနိုင်ငံတို့အား ထောက်ပံ့မှု၊ ငှက်ဖျားနှင့် HIV ရောဂါခံစားရသူများအတွက် အသက်ကယ်ဆယ်ရေးဆေးဝါးပံ့ပိုးမှု အစီအစဉ်နှင့် စားနပ်ရိက္ခာအစီအစဉ်တို့ ပါဝင်မည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း၊ USAID ၏ ဝန်ထမ်းအများစု ကိုလည်း ခွင့်ခံစားခွင့်ပြုထားပြီး USAID ၏ကွန်ပျူတာစနစ်များသို့ ဝင်ရောက်ခွင့်နှင့် ရုံးခန်းများအသုံးပြုခွင့်တို့ကိုလည်း တားမြစ်ထားကြောင်း သိရှိရပါသည်။

 

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။

Category: International News